မြန်မာ့အ‌ရေးနှင့်ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ ဝိုင်း၀န်းဖိအားပေးလုပ်ဆောင်မှုများ လိုအပ်ဟု အမေရိကန် ပြော

 မြန်မာ့အ‌ရေးနှင့်ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ ဝိုင်း၀န်းဖိအားပေးလုပ်ဆောင်မှုများ လိုအပ်ဟု အမေရိကန် ပြော
Protesters react after police fired tear gas during a demonstration against the military coup in Mandalay on March 3, 2021. Photo: AFP

မတ် ၄

ဆန္ဒပြသူများကို မြန်မာအာဏာသိမ်းစစ်အုပ်စုဘက်က အသက်သေစေသည်အထိ အကြမ်းဖက်ဖြိုခွင်းခဲ့မှုများအပေါ် ထိတ်လန့်တုန်လှုပ်မိကြောင်း အမေရိကန်က ဗုဒ္ဓဟူးနေ့တွင် ပြောခဲ့ပြီး လက်ရှိ မြန်မာ့အရေးနှင့်ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာ ဝိုင်း၀န်းအရေးယူလုပ်ဆောင်မှုများ ပိုမိုလိုအပ်ကြောင်းလည်း တိုက်တွန်းတောင်းဆိုခဲ့သည်။

“အရပ်သားအုပ်ချုပ်မှု ပြန်ရဖို့အတွက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒထုတ်ဖော်ကြတဲ့ မြန်မာပြည်သူတွေအပေါ် ဆိုးရွားတဲ့ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်တာကို မြင်ရတဲ့အပေါ် ကျွန်တော်တို့ ထိတ်လန့်တုန်လှုပ်မိသလို စက်ဆုပ်ရွံရှာမှုလည်း ဖြစ်ရပါတယ်”ဟု အမေရိကန် နိုင်ငံခြားရေး၀န်ကြီးဌာန ပြော‌ရေးဆိုခွင့်ရှိသူ နက်ဒ် ပရိုက်စ်က ပြောသည်။

“ပြည်သူတွေအပေါ် မြန်မာစစ်တပ်ဘက်က ရက်စက်အကြမ်းဖက်မှုနှင့်ပတ်သက်၍ ပြစ်တင်ရှုတ်ချဖို့ နိုင်ငံအားလုံး အသံတစ်သံတည်း ထွက်ကြဖို့လည်း ကျွန်တော်တို့ တိုက်တွန်းပါတယ်” ဟု ၎င်းက သတင်းထောက်များကို ပြောခဲ့သည်။

မြန်မာအာဏာသိမ်းစစ်အုပ်စုအပေါ် အရေးယူဒဏ်ခတ်မှုများ ချမှတ်ထားသည့် အမေရိကန်အနေဖြင့် နောက်ထပ် အရေးယူမှုများ လုပ်ဆောင်ရန် ရှိနေကြောင်းလည်း ၎င်းက ပြောခဲ့သည်။

ထို့ပြင် မြန်မာ့အရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံဘက်ကလည်း ပိုမို အားထုတ်ကြိုးပမ်းပေးရန် ၎င်းက တိုက်တွန်းသွားခဲ့သည်။

“တရုတ်က ဒေသတွင်းမှာ သြဇာအရှိန်အ၀ါ ရှိပါတယ်၊ ပြီးတော့ တရုတ်က မြန်မာစစ်အာဏာသိမ်းအုပ်စုအပေါ်မှာလည်း သြဇာသက်ရောက်မှု ရှိပါတယ်၊ ဒီတော့ မြန်မာပြည်သူတွေ အကျိုးအတွက် အပြုသဘောဆောင်တဲ့ နည်းလမ်းတစ်ခုနဲ့အတူ အဲဒီသြဇာအရှိန်အ၀ါကို အသုံးချပြီး လုပ်ဆောင်ဖို့ တရုတ်ကို ကျွန်တော်တို့ တိုက်တွန်းပါတယ်”ဟု ပရိုက်စ်က ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required