မိုးညှင်းမြို့တွင် တိုက်ပွဲသံများကြောင့် စာသင်ကျောင်းမှ ကလေးများကို မိဘများပြန်ခေါ်

မိုးညှင်းမြို့တွင် တိုက်ပွဲသံများကြောင့် စာသင်ကျောင်းမှ ကလေးများကို မိဘများပြန်ခေါ်
(ဓါတ်ပုံ- ထွန်းထွန်းဦး Facebook စာမျက်နှာ)

ရန်ကုန်၊နိုဝင်ဘာ ၁၉ ။           ။ မိုးညှင်းမြို့တွင် နိုဝင်ဘာ ၁၉ရက်နေ့ နံနက် ၉နာရီ ချိန်ခန့်က တိုက်ပွဲသံများကြောင့် ကျောင်းသားမိဘများက စိတ်ပူကာ ကလေးများကို   ပြန်ခေါ်သွားကြောင်း   မြို့ခံများထံမှ စုံစမ်းသိရှိရသည်။

ယင်းသို့ မိဘများက လာရောက်ခေါ်ယူရာတွင် မိုးညှင်း အ.ထ.က(၁) ကျောင်းမှ တာဝန်ကျဆရာများက ကျောင်းကို စစ်ဆေးရေးလာလျှင် ကျောင်းသားမရှိမည်ကို စိုး၍ ခေါ်ယူခွင့် မပေးသည့် အတွက် ကျောင်းသားမိဘများက ကျောင်းအုတ်တံတိုင်းကို ကျော်ဝင်ခဲ့ကြောင်း ကျောင်းသားမိဘ တစ်ဦးကဆိုသည်။

ယင်းနောက် ကျောင်းတာဝန်ကျဆရာများက မိဘများကို တစ်ဦးချင်းစီဝင်ရောက်ခေါ်ယူခွင့်ပေးခဲ့ပြီးနောက် လာရောက်ခေါ်ယူသူများပြားလာသည့် အတွက် ကျောင်းသားများတစ်စုံတစ်ခုဖြစ်ပါကာ တာဝန်ယူရမည်ဟု ဆိုကာ ကျောင်းတံခါးဖွင့်ပေးခဲ့ကြောင်း မိုးညှင်းမြို့ခံ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

"မနက်ပိုင်းက တောင်ခြေမှာ လက်နက်ကြီးသံကြားလို့  မိဘတွေ နဲနဲစိတ်ပူသွားတာပါ ဒီနေ့တစ်ရက်ထဲဘဲ ပိတ်မှာပါ " ဟု အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်မှ မိုးညှင်း ပြည်သူ့လွှတ်တော်အမတ် အဖြစ်အနိုင် ရရှိထားသည့် ဒေါ်စန်းစန်းအိ ကပြောကြားသည်။

လက်ရှိအခြေအနေတွင် လက်နက်သံများခပ်စိပ်စိပ်ကြားလာကြောင်း၊မိုးညှင်းမြို့မဈေးရှိဆိုင်အများစုမှာ ပိတ်ထားပြီး ဈေးတံခါးပေါက်များကိုလည်း ပိတ်ထားကြောင်းကို မိုးညှင်းမြို့ခံတစ်ဦးဖြစ်သည့် ကို ထွန်းထွန်းဦး က၎င်းFacebook စာမျက်နှာနံနက် ၁၁နာရီခန့် တွင် ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required