အာဆင်နယ်နည်းပြဟောင်း အူနိုင်းအမ်မရီကို နည်းပြအဖြစ် ဗီလာရီးယဲလ် ခန့်အပ်

အာဆင်နယ်နည်းပြဟောင်း အူနိုင်းအမ်မရီကို နည်းပြအဖြစ် ဗီလာရီးယဲလ် ခန့်အပ်
Photo: EPA

အာဆင်နယ်နည်းပြဟောင်း အူနိုင်းအမ်မရီဟာ လာလီဂါကလပ် ဗီလာရီးယဲလ်အသင်းရဲ့ နည်းပြအဖြစ် ၃ နှစ်စာချုပ်နဲ့ ခန့်အပ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ယူရိုပါလိဂ်ဝင်တစ်နေရာရရှိတဲ့ အဆင့် ၅ နေရာမှာ ရပ်တည်ခဲ့ပေမယ့် အသင်းကနေ ထွက်ခွာခဲ့တဲ့ ဂျာဗီ ကယ်လီယာရဲ့ နေရာကို အသက် ၄၈ နှစ်အရွယ် စပိန်နည်းပြက အစားထိုး ဝင်ရောက်လာတာဖြစ်ပါတယ်။

အမ်မရီဟာ အာဆင်နယ်အသင်းကို ၁၈ လသာကိုင်တွယ်ပြီး နိုဝင်ဘာလမှာ ပရီးမီးယားလိဂ်ကလပ်အသင်းက ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက်ပိုင်း အသင်းလက်မဲ့ဖြစ်နေသူပါ။

သူဟာ စပိန်ထိပ်သီးကလပ် ဆီဗီလာနဲ့ ဗလင်စီယာအသင်းတို့ကို ကိုင်တွယ်ခဲ့သလို ပြင်သစ်ကလပ် ပီအက်စ်ဂျီကိုလည်း တာဝန်ယူနည်းပြခဲ့ပါတယ်။

အမ်မရီဟာ ဆီဗီလာအသင်းနဲ့ ယူရိုပါလိဂ်ဖလား ၃ လုံးဆက်၊ ပီအက်စ်ဂျီနဲ့ လီဂူး-၁ အမှတ်ပေးဖလားတို့ကို ဆွတ်ခူးနိုင်ပြီးနောက် ၂၀၁၈ ခုနှစ်၊ မေလမှာ အာဆင်နယ်အသင်းမှာ အာဆင်ဝင်းဂါးရဲ့ နည်းပြရာထူးကို ရယူခဲ့ပါတယ်။

ဒါပေမယ့် ဂန်းနားတို့ဟာ ၂၇ နှစ်ကြာ အောင်မြင်မှုမရရှိဘဲ အဆိုးရွားဆုံးဖြစ်ပြီးနောက် အသင်းက သူ့ကို ထုတ်ပယ်ခဲ့ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required