ရပ်ထားသည့်ယာဉ်အားဝင်တိုက်မှုကြောင့် အမျိုးသား ၆ ဦးသေဆုံး

ရပ်ထားသည့်ယာဉ်အားဝင်တိုက်မှုကြောင့် အမျိုးသား ၆ ဦးသေဆုံး
Photo Creadit - ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့

ဇွန်လ ၈

မင်္ဂလာဒုံမြို့နယ်၊အမှတ်(၃)တိုးဂိတ်အနီး လမ်းဘေးတွင် ရပ်ထား‌သောကွန်တင်နာယာဉ်ကို အနောက်မှအိမ်စီးမော်တော်ယာဉ် တစ်စီးက ဝင်ရောက်တိုက်မိတာကြောင့် အိမ်စီးမော်တော်ယာဉ်ပေါ်မှ အမျိုးသားငါးဦးမှာ အခင်းဖြစ်ပွားရာနေရာမှာတင် ကွယ်လွန်သွားကြောင်းနှင့် ကျန်တစ်ဦးမှာ ဆေးရုံအရောက်တွင် ကွယ်လွန်သွားကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၈ ရက်နေ့ နံနက်ခင်း ၁ နာရီဝန်းကျင်အချိန်က အမှတ်(၃)တိုးဂိတ်အနီး ၊ Denko ဆီဆိုင်အနီး လမ်းဘေးတွင် ရပ်နားထားသည့် ကွန်တိန်နာယာဉ် ကို ထောက်ကြန့်မှ မြောက်ဥက္ကလာပသို့ မောင်းနှင်းလာ သည့် အိမ်စီးကားတစ်စီးကဝင်တိုက်မိခဲ့မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသားငါးဦးမှာ ကွယ်လွန်သွားခဲ့ပြီးနောက် အသက်ရန်ကျန်ရစ်သူအမျိုးသားတစ်ဦးကို မေဓါဝီဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ယင်းအမျိုးသားမှာဆေးရုံတွင် ကွယ်လွန်သွားခဲ့ကြောင်းသိရသည်။

အခင်းဖြစ်ပွားရာနေရာကို ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးခဲ့ပြီး ယာဉ်ပေါ်ပါ ဖုန်းများနှင့်ရွှေလက်စွပ်တစ်ကွင်းတို့ကို မေဓါဝီဆေးရုံ မှုခင်းရဲများထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

“ သေဆုံးသွားသူ သူငယ်ချင်း အမျိုးသား ခြောက်ဦးလုံး၏ မိသားစုဝင်များ နဲ့ညတွင်း ခြင်း အဆက်သွယ်ရအောင်ကူညီပေးခဲ့ပါတယ် “ဟုကိုထင်လင်းအောင်က ဆက်ပြောသည်။

ယင်းဖြစ်စဉ်ကြောင့်အိမ်စီးယာဉ်မောင်းနှင်သူအမျိုးသားအား ထောက်ကြန့်နယ်မြေရဲစခန်းတွင် ယာဉ် (ပ) ၂၇/၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄(က) /၃၃၈/၂၇၉ တို့ဖြင့်အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းကို သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required