ရောဂါပိုးတွေ့ရှိသူနှင့် ‌တိုက်ရိုက် ထိတွေ့ဆက်ဆံမှုများမရှိခဲ့သော်လည်း ကြိုတင်ကာကွယ်သည့်အနေဖြင့် O Sushi ဆိုင်သို့အသွားအလာရှိခဲ့သည့် rider များအား foodpanda မှထောက်ပံ့ကြေးဖြင့် Home Stay ပြုလုပ်ရန် ညွှန်ကြားထား

ရောဂါပိုးတွေ့ရှိသူနှင့် ‌တိုက်ရိုက် ထိတွေ့ဆက်ဆံမှုများမရှိခဲ့သော်လည်း ကြိုတင်ကာကွယ်သည့်အနေဖြင့် O Sushi ဆိုင်သို့အသွားအလာရှိခဲ့သည့် rider များအား foodpanda မှထောက်ပံ့ကြေးဖြင့် Home Stay ပြုလုပ်ရန် ညွှန်ကြားထား

မကြာသေးမီက ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် ပါရမီလမ်းမပေါ်တွင် ဖွင့်လှစ်ထားသည့် O Sushi စားသောက်ဆိုင်ပိုင်ရှင် (Case Number 146) မှ COVID-19 ရောဂါပိုးကူးစက်ခံရကြောင်း အတည်ပြုချက်ရရှိခဲ့သည်။ ထိုသို့ ရောဂါပိုးကူးစက်ခံရသူနှင့်တိုက်ရိုက်ထိတွေ့မှုမရှိခဲ့သော်လည်း foodpanda မှ ကြိုတင်ကာကွယ်သည့်အနေဖြင့် စားသောက်ဆိုင်နှင့်ဝန်းကျင်သို့ အသွားအလာရှိသူများနှင့် အနီးတစ်ဝိုက်ရှိ Rider များအားလုံးအား နေအိမ်တွင် ၂၁ ရက် နေထိုင်ရန် (Home Stay ပြုလုပ်ရန်) အတွက်ကုမ္ပဏီကချမှတ်ထားသော စံနှုန်းထားများနှင့်အညီ ညွှန်ကြားခဲ့သည်။ ယခုအချိန်တွင် riders များအားလုံး ကျန်းမာရေးကောင်းမွန်ပြီး COVID-19 ပိုးကူးစက်ခံရသော ရောဂါ လက္ခဏာ များ မရှိကြောင်း ကြားသိထားရပါသည်။ ထိုသို့ နေအိမ်တွင် Home Stay ပြုလုပ်နေချိန်အတွင်း Rider များအတွက် foodpanda မှ အခြေခံထောက်ပံ့ကြေးများ ပေးထားကြောင်းလည်း သိရှိရသည်။

O Sushi ဝန်ထမ်းများ အားလုံးပိုးစစ်ဆေးပြီး အားလုံးရောဂါပိုးမရှိကြောင်း သိရှိရသည့်တိုင် foodpanda သည် အဆိုပါ စားသောက်ဆိုင်လုပ်ငန်းနှင့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ဆက်စပ်နေသောသူများသို့ ကူးစက်ပြန့်ပွားမှု အခွင့်အလမ်း အနည်းပါးဆုံးဖြစ်စေရန် လက်ရှိအချိန်တွင်လည်း Stay Home ပြုလုပ်နေသော Rider များအား နေ့စဉ်အပူချိန်တိုင်းတာရန်နှင့် အပူချိန် ၃၇.၅ ဒီဂရီစင်တီဂရိတ် ထက်ပိုသည်ကို သတိပြုမိသည်နှင့်တစ်ပြိုင်နက် သက်ဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုဌာနများသို့ အကြောင်းကြားပြီး အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးအစောင့်အရှောက် ခံယူရန် လမ်းညွှန်ထားကြောင်းလည်းသိရပါသည်။ foodpanda ၏ ထုတ်ပြန်ချက်အရ Home Stay ပြုလုပ်နေသော rider များသည် လက်ရှိအချိန်တွင် COVID-19 နှင့် ပတ်သက်သည့် ရောဂါလက္ခဏာများ မတွေ့ရှိကြောင်း လည်းသိရှိရသည်။

အဆိုပါ Home Stay ပြုလုပ်သူ rider များ အနေဖြင့် ၂၁ ရက် ပြည့်၍ ကျန်းမာကြောင်း သေချာသည့် အချိန်မှသာ #foodpanda မှ လုပ်ငန်းခွင်ပြန်ဝင်ရန် စိစစ်ခွင့်ပြုပေးသွားမည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"ကျွန်တော်က ဒီ COVID-19 ရောဂါ မကူးစက်ခံရခင်ကတည်းက Mask နဲ့ လက်အိတ်ကို အမြဲတမ်းဝတ်ဆင်ထားပြီး နာရီနဲ့အမျှ Hand Sanitizer နဲ့ လက်ဆေးပါတယ်။ COVID-19 ကို မြန်မာနိုင်ငံမှာ တွေ့ရှိခဲ့တဲ့အချိန်ကစပြီး စားသုံးသူတွေအတွက် ပါဆယ်စနစ်နဲ့ delivery စနစ်ကိုပဲ ကျင့်သုံးခဲ့ပါတယ်။ ဝန်ထမ်းတွေအားလုံးကိုလည်း mask တွေ၊ လက်အိတ်တွေဝတ်ဖို့နဲ့ စနစ်တကျ ပိုးသတ်တဲ့ လုပ်ငန်းစဥ်တွေလိုက်နာဖို့ အလေးပေးဆောင်ရွက်မှာကြားခဲ့ပါတယ်။ ကျွန်တော့်ဝန်ထမ်းတွေအားလုံးမှာ COVID-19 ပိုးမတွေ့ရှိကြောင်း ဆေးစစ်ချက်အဖြေထွက်ခဲ့ပါတယ်။ ကျွန်တော့်ဆိုင်မှာ ကျွန်တော့်ရဲ့ နေ့စဥ်လုပ်ဆောင်ချက်တွေကတော့ rider အပါအဝင် အပြင်လူတွေနှင့် ထိတွေ့စရာမလိုဘဲ လုပ်ငန်းလည်ပတ်ဖို့အတွက် အဝေးကနေ ညွှန်ကြားပေးနေရတာပဲ ဖြစ်ပါတယ်။ " ဟု COVID-19 ကူးစက်ခံရသူ O Sushi မှပိုင်ရှင်ဖြစ်သူကပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required