နေပြည်တော်မှာ ခေါင်းရွက်ဗျက်ထိုးစျေးသည်တွေကို ပိတ်စ Mask တွေ ချုပ်ပြီး လှူမည်

နေပြည်တော်မှာ ခေါင်းရွက်ဗျက်ထိုးစျေးသည်တွေကို ပိတ်စ Mask တွေ ချုပ်ပြီး လှူမည်
ဓာတ်ပုံ- သန်းထိုက်အောင် (မဇ္စျိမ)

နေပြည်တော် ၊ ဧပြီ ၁၃

နေပြည်တော်(၈)မြို့နယ်အတွင်းရှိ စျေးများ၌ စျေးရောင်းချနေသည့် ခေါင်းရွက်ဗျက်ထိုးစျေးသည်များ၊လက်လုပ်လက်စားသမားများကို ပျဉ်းမနားမြို့ အခြေစိုက် မျှဝေသောလက်များ ပရဟိတအဖွဲ့မှ ကိုယ်တိုင်ချုပ်လုပ်ထား တဲ့ နှာခေါင်းစည်းပိတ်စ Mask (၁)သောင်းကျော် ဝေဌသွားမယ်လို့ မျှဝေသောလက်များပရဟိတအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာပေါ်မြင့်ဦးက ပြောပါတယ်။

မျှဝေသောလက်များ ပရဟိတ အဖွဲ့အနေနဲ့ လူတစ်ယောက်ကို ကိုယ်တိုင်ချုပ်နှာခေါင်းစည်းပိတ်စ Mask ၂ခုလှူမှာဖြစ်ပြီးတော့ ပြန်လျှော်ပြီးသုံးနိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

မျှဝေသောလက်များပရဟိတအဖွဲ့က လှူမယ့် နှာခေါင်းစည်းပိတ်စMaskတစ်ခုကို ငွေကျပ်(၁၆၀)မှ (၁၈၀)အကြား ကျသင့်မှာဖြစ်ပြီးတော့ စက်ချုပ်ဆိုင်တွေကလည်း အခမဲ့ကုသိုလ်ယူချုပ်ပေးနေတာ ဖြစ်ပါတယ်။

ဘာမှမရှိတဆာထက်စာရင် ရှိတာလေးနဲ့အကာအကွယ်ပေးနိုင်ဖို့ ယခုလိုစီစဉ်နေတာ လို့ ဒေါက်တာပေါ်မြင့်ဦးကပြောပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required