လီဗာပူးလ်နှင့်ပွဲတွင် ပါဝင်ကစားနိုင်မည်ဟု ချယ်လ်ဆီးတိုက်စစ်မှူး ဒီယေကိုကော်စတာ ယုံကြည်

လီဗာပူးလ်နှင့်ပွဲတွင် ပါဝင်ကစားနိုင်မည်ဟု ချယ်လ်ဆီးတိုက်စစ်မှူး ဒီယေကိုကော်စတာ ယုံကြည်

အောက်တိုဘာ ၂၉၊ လန်ဒန် ။               ။ စတုခ်စီးတီးကိုရှုံးသည့် ကက်ပီတယ်ဝမ်းဖလားတွင် နံရိုးဒဏ်ရာရခဲ့သော်လည်း စနေနေ့၌လီဗာပူးလ်နှင့်ကစားမည့် ပရီးမီးယားလိဂ်အိမ်ကွင်း ပွဲစဉ်တွင်   ပြန်လည်ပါဝင်ကစားနိုင်မည်ဟု ချယ်လ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာက ယုံကြည်နေသည်။

ချယ်လ်ဆီးတိုက်စစ်မှူးသည် စတုခ်စီးတီးမှ ချာလီအဒမ်နှင့်ထိခိုက်မိခြင်းဖြစ်ပြီး ပွဲကိုဆက်ကစားရန်ကြိုးပမ်းခဲ့သေးသော်လည်း ပထမပိုင်း ပွဲချိန်အပြီးတွင် လူစားလဲခဲ့ရသည်။

၎င်း၏ဒဏ်ရာကို ဓါတ်မှန်ရိုက်ရန် ဆေးရုံသို့ချက်ချင်းသွားရောက်ခဲ့ရပြီး အသင်းကလည်း ကော့ဟမ်းလေ့ကျင့်ရေးစင်တာတွင် နောက်ထပ် စစ်ဆေးမှုများပြုလုပ်ခဲ့သည်။

မော်ရင်ဟို၏ စတမ်းဖို့ဘရစ်ချ်အနာဂါတ်အတွက်အရေးပါနေသည့်ပွဲဖြစ်သော ဂျာဂင်ကလော့ပ်၏လီဗာပူးလ်အသင်းနှင့် ကစားရမည့်ပွဲမတိုင် မီ ကော်စတာ၏ ဒဏ်ရာကိုစောင့်ကြည့်ရဦးမည်ဖြစ်သည်။

ကော်စတာ၏ဒဏ်ရာမှာ ပြင်းထန်ခြင်းမရှိလျှင် ပါဝင်ကစားနိုင်မည်ဖြစ်သော်လည်း အရိုးကိုထိခိုက်မိသည်ဆိုပါက ချက်ချင်းအနားယူရမည်ဖြစ် ပြီး တစ်ခလန့်အထိ ဘောလုံးမကစားဘဲနေရမည်ဖြစ်သည်။

စတုခ်စီးတီးနှင့်ကစားသည့်ပွဲတွင်အနားယူခဲ့ရသော ကွင်းလယ်ကစားသမား ဖာဘရီဂတ်စ်နှင့် တစ်ပွဲပယ်ပြစ်ဒဏ်မှလွတ်လာသော မာတစ်တို့ သည် လီဗာပူးလ်နှင့်ပွဲတွင် ပြန်လည်ပါဝင်နိုင်မည်ဖြစ်ပြီး   နောက်ခံလူ အိုင်ဗန်နိုဗစ်မှာ ဒူးကောက်ကြောဒဏ်ရာကြောင့် ဆက်လက်အနားယူရ ဦးမည်ဖြစ်သည်။

Ref; theguardian

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required