ပြည်ခိုင်ဖြိုးပါတီက ထာဝရငြိမ်းချမ်းရေးအလေးထားမည်ဟု ဦးလှဌေးဝင်းပြော

ပြည်ခိုင်ဖြိုးပါတီက ထာဝရငြိမ်းချမ်းရေးအလေးထားမည်ဟု ဦးလှဌေးဝင်းပြော

အောက်တိုဘာ ၂၉ ရက် ။               ။ ပြည်ခိုင်ဖြိုးပါတီက ဒီမိုကရေစီအသွင်ကူးပြောင်းရေး ရင့်ကျက်ခိုင်မာစေရန်နှင့် ထာဝရငြိမ်းချမ်းရေးရရှိစေရန် အလေးထားဆောင်ရွက်သွားမည်ဟု ဗဟိုအလုပ် အမှုဆောင် ဦးလှဌေးဝင်းက ပြောကြားသည်။

ဒီမိုကရေစီအသွင်ကူးပြောင်းရေးအား ရင့်ကျက်ခိုင်မာရေးကို ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားရန် သန္နိဌာန်ချထားကြောင်း ဗိုလ်ချုပ်ကြီးဟောင်း ဦးလှဌေးဝင်းက ပြည်ခိုင်ဖြိုးပါတီ၏   အောက်တိုဘာလ (၂၈) ရက်နေ့ သီတင်းကျွတ် မီးပုံပျံ လွှင့်တင်ခြင်းအခမ်းနား၌ ပြောကြားခြင်းဖြစ်သည်။

“တစ်ဖက်ကလည်း ဒီမိုကရေစီအသွင်ကူးပြောင်းရေး ရင့်ကျင့်ခိုင်မာရေးကို ပြည်သူများနှင့် ပူးပေါင်း ဆောင်ရွက် သွားဖို့လည်း သန္နိဌာန်ချထားပြီးဖြစ်ပါတယ်။ မိဘပြည်သူများရဲ့ ဆန္ဒနှင့် ဘဝတစ်ထပ်တည်း ကျရောက်စေဖို့ ကျွန်တော်တို့ ပါတီအနေနဲ့  ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် အထူးအလေးထားပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။" ဟု ၎င်းက ပြောသည်။

ပြည်ခိုင်ပါတီမှ မီးပုံပျံလွှတ်တင်းခြင်းကို နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီကွင်းအတွင်း သီတင်းကျွတ်လပြည့်နေ့ ညပိုင်းတွင် ကျင်းပခဲ့သည်။

ဖွံ့ဖြိုးတိုက်တက်သည့် ဒီမိုကရေစီနိုင်ငံဖြစ်ထွန်းပေါ်ပေါက်လာစေဖို့အတွက် အရးကြီးသည့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အမြန်ဆုံးဖြစ်ပေါ်လာစေရန် အထိမ်းအမှတ်အနေဖြင့် တိုင်းရင်းသားရိုးရာမီးပုံးပျံပွဲ ကိုကျင်းပခဲ့ခြင်းကြောင်း ဦးလှဌေးဝင်းက ပြောကြားသွားသည်။

ယင်းမီးပုံပျံလွှင့်တင်ခြင်းအခမ်းအနား၌ ရှမ်းတိုင်းရင်းသားဝတ်စုံ ဝတ်ဆင်ထားသည့်လူငယ်များက ပြည်ခိုင်ဖြိုးပါတီ အမှတ်တံဆိပ်ပါသည့် မီးပုံပျံကို လွှင့်တင့်ခဲ့သည်။

အခမ်းအနားကျင်းပသည့် ကွင်းအတွင်း ပြည်ခိုင်ဖြိုးပါတီအိင်္ကျီဝတ်ဆင်ထားသည့်လူငယ်များ ပျော်ရွှင်နေပြီး ဖျော်ဖြေမှုများ ပါဝင်ခဲ့သည်။ ထို့ပြင် တက်ရောက်လာသူများကို အချိုရည်၊ မုန့်များဖြင့် ဧည့်သည်ကို တွေ့မြင်ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required