အိန္ဒိယမှာ သံသယရှိ ဟိန္ဒူအမျိုးသားရေးဝါဒီတစ်ဦးက ဆန္ဒပြတက္ကသိုလ်ကျောင်းသားတွေကို သေနတ်နဲ့ ပစ်ခတ်

အိန္ဒိယမှာ သံသယရှိ ဟိန္ဒူအမျိုးသားရေးဝါဒီတစ်ဦးက ဆန္ဒပြတက္ကသိုလ်ကျောင်းသားတွေကို သေနတ်နဲ့ ပစ်ခတ်

ဇန်နဝါရီ ၃၁ ။        ။ အိန္ဒိယနိုင်ငံမှာ နိုင်ငံသားဥပဒေသစ်ကို ဆန့်ကျင်တဲ့ တက္ကသိုလ်ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲမှာ ဟိန္ဒူအမျိုးသားရေးဝါဒီဖြစ်ဖွယ်ရှိတဲ့ အမျိုးသားတစ်ဦးက သေနတ်နဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

ဇန်နဝါရီ ၃၀ ရက်က ဖြစ်ပွားတဲ့ ဒီဖြစ်ရပ်ဟာ ၁၉၈၄ ခုနှစျမှာ ဟိန္ဒူအစွန်းရောက်တစ်ဦးက လွတ်လပ်ရေးသူရဲကောင်း မဟ်ဟတ်တမဂန်ဓီကို လုပ်ကြံခဲ့တဲ့ နှစ်ပတ်လည်နေ့မှာ ဖြစ်ပွားပေါ်ပေါက်တာပဲ ဖြစ်ပါတယ်။

နိုင်ငံသားဥပဒေသစ်ကို ဆန့်ကျင်တဲ့ တက္ကသိုလ်ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲကို အဲဒီ အမျိုးသားဟာ ရောက်ရှိနေပြီး ပစ်ခတ်တာကြောင့် ကျောင်းသားတစ်ဦး ခေါင်းကို ထိမှန်သွားခဲ့ပါတယ်။

ဒီလို ပစ်ခတ်ပြီးချင်း ရဲတွေဟာ အဲဒီ အမျိုးသားကို ဖမ်းဆီးခဲ့ပါတယ်။ သူဟာ ဒီ ပစ်ခတ်မှု မကျူးလွန်ခင် အွန်လိုင်းပေါ်မှာ live-streamed ထုတ်လွှင့်ခဲ့တာကြောင့် လူမှုမီဒီယာမှာ အဲဒီ ဗီဒီယို ပြန့်နှံ့သွားခဲ့ပါတယ်။

ဗီဒီယိုမှာ ဆန္ဒပြသူတွေကို နှိမ်နင်းတဲ့ ရဲတွေကို ချီးကျူးစကားဆိုရင်း နိုင်ငံသားဥပဒေအပေါ် ဆန္ဒပြသူတွေကို မလိုလားတဲ့ သဘောပြောဆိုထားတာ ဖြစ်ပါတယ်။

အိန္ဒိယရဲ့ အခု နိုင်ငံသားဥပဒေသစ်အရ အိမ်နီးချင်းသုံးနိုင်ငံဖြစ်တဲ့ ပါကစ္စတန်၊ အာဖဂန်နစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကနေ  နိုင်ငံထဲ ဝင်ရောက်သူလာသူ ဖိနှိပ်ခံ ဘာသာရေးလူနည်းစုမှာ မွတ်စလင် မဟုတ်သူတွေကို နိုင်ငံသားဖြစ်ခွင့်ပြုတဲ့ ဥပဒေသစ်ပဲ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required