ဆီးရီးယားမှာ ရုရှားရဲ့ လေကြောင်းထိုးစစ်အတွင်း အရပ်သား ဆယ်ဦး သေဆုံး

ဆီးရီးယားမှာ ရုရှားရဲ့ လေကြောင်းထိုးစစ်အတွင်း အရပ်သား ဆယ်ဦး သေဆုံး

ဇန်နဝါရီ ၃၀ ။                 ။ ဆီးရီးယားနိုင်ငံ သူပုန်ထိန်းချုပ်ရာ အီဒလစ်ပြည်နယ်မှာ အစိုးရရဲ့ မဟာမိတ် ရုရှားတပ်တွေရဲ့ လေကြောင်းထိုးစစ်အတွင်းမှာ ပေါင်မုန့်ဖိုလုပ်ငန်းတစ်ခုနဲ့ ဆေးခန်းတစ်ခန်းတို့ ထိမှန်ရာမှာ အရပ် သား ဆယ်ဦး သေဆုံးတယ်လို့ စစ်ပွဲစောင့်ကြည့်ရေးအဖွဲ့တစ်ရပ်က ပြောပါတယ်။နိုင်ငံအတွင်း သူပုန်တွေ နောက်ဆုံးခြေကုပ်ယူထားရာ နယ်မြေဖြစ်တဲ့ အီဒလစ်ပြည်နယ်မှာ ရုရှားနောက်ခံပြုတဲ့ ဆီးရီးယား အစိုးရတပ် တွေ က ထိုးစစ်တွေ ဆင်နွဲနေခဲ့တာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၃၀ ရက် အစောပိုင်းမှာ ပြည်နယ်က အာရီဟာမြို့မှာ ရုရှားရဲ့ အခု လေကြောင်းထိုးစစ်အတွင်း သေဆုံးသူတွေထဲ အမျိုးသမီး ငါးဦး ပါဝင်တယ်လို့ ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။လေကြောင်းထိုးစစ်မှန် ထိမှန်ပြီး နံရံတွေ ပြိုကျတဲ့ ဆေးခန်းကနေ ဖုန်မှုန့်တွေ ပေကျံနေတဲ့ ဆရာဝန်တစ်ဦး ကြောက်လန့်တကြား ပြေးထွက်လာတယ်လို့ အေအက်ဖ်ပီသတင်းထောက်က သတင်းပေးပို့ပါတယ်။

ပြိုကျတဲ့ အပျက်အစီးပုံအောက် ကယ်ဆယ်ရေးသမားတွေက ရှာဖွေနေရာမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေရဲ့ ငိုသံတွေကို ကြားနေရကြောင်း သတင်းထောက်က ဖြည့်စွက်ဆိုပါတယ်။

အခု လေကြောင်းထိုးစစ်ကြောင့် အီဒလစ်ပြည်နယ်မှာ ရုရှားရဲ့ လေကြောင်းထိုးစစ်တွေအတွင်း သေဆုံးသူ အရပ်သားဦးရေဟာ ၂၄ နာရီအတွင်း ၂၁ ဦးအထိ ရှိခဲ့ပြီ ဖြစ်တယ်လို့ ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

ရုရှားနိုင်ငံကတော့ ဇန်နဝါရီ ၁၂ ရက်မှာ အသက်ဝင်တဲ့ သူပုန်အားပေး တူရကီရဲ့ ကြားဝင်ဖြန်ဖြေမှုကြောင့် ရရှိတဲ့ အပစ်ရပ် သဘောတူညီခဲ့ချိန်ကစပြီး အီဒလစ်ပြည်နယ်မှာ ဘယ်လို တိုက်ခိုက်ရေးစစ်ဆင်မှုမှ လုပ်ဆောင်ခြင်း မရှိဘူးလို့ ဒီလအစောပိုင်းမှာ ငြင်းဆိုထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required