မော်ရင်ဟို လေးစား ခံရသင့်သည်ဟု ဝက်စ်ဟမ်းနည်းပြ ဘီလစ်ပြော

မော်ရင်ဟို လေးစား ခံရသင့်သည်ဟု ဝက်စ်ဟမ်းနည်းပြ ဘီလစ်ပြော

အောက်တိုဘာ ၂၃၊ လန်ဒန် ။              ။ ပြိုင်ဘက်ချယ်လ်ဆီးအသင်းနည်းပြ မော်ရင်ဟိုသည်လေးစားမှုခံရသင့်သည်ဟု ဝက်စ်ဟမ်းအသင်းနည်းပြ ဘီလစ်က ယုံကြည်နေသည်။

ပေါ်တူဂီလူမျိုးနည်းပြမော်ရင်ဟိုသည် ကွင်းပြင်ပတွင် မလိုလားအပ်သောပြဿနာပေါင်းစုံရင်ဆိုင်နေရစဉ် ကွင်းတွင်းတွင်လည်း ချယ်လ်ဆီး အသင်းအဆင့် ၁၂ နေရာသို့ရောက်နေသဖြင့် ခက်ခဲ့သည့်ဘောလုံးရာသီကို ကျော်ဖြတ်နေရသည်။

မော်ရင်ဟိုကိုချီးကျူးခဲ့သည့် ဘီလစ်က ဇွန်လတွင် ၎င်း အပ်တန်ပါ့ခ်သို့ရောက်ရှိလာစဉ် ပရီးမီးယားလိဂ်သုံးကြိမ်ချန်ပီယံ မော်ရင်ဟိုက မည်သို့ ကြိုဆိုခဲ့ပုံကိုလည်း ဖွင့်ဟခဲ့သည်။

"ကျွန်တော်ဝမ်းသာကျေနပ်ခဲ့ရပြီး အဲဒီနောက်ပိုင်းကတည်းက ကျွန်တော်တို့ အပြန်အလှန်စကားပြောဖြစ်ကြပါတယ်။ ကျွန်တော်သူ့ကို တော်တော်လေးသဘောကျတယ်။ တကယ်သဘောကျတာပါ။ သူကအရာရာတိုင်းပဲ ဒါပေမဲ့ ပျင်းဖို့လည်းကောင်းတယ်။ မီဒီယာ အတွက်လည်းသူဟာ သံလိုက်လိုပဲ ဆွဲဆောင်နိုင်စွမ်းရှိသူဖြစ်တယ်။ ထိပ်တန်းပုဂ္ဂိုလ်တစ်ယောက်ပါ"ဟု ဘီလစ်က ပြောသည်။

ဆက်လက်၍၎င်းက အအောင်မြင်ဆုံးပုဂ္ဂိုလ်၊ သြဇာကြီးမားသောပုဂ္ဂိုလ်များမှာ အမြဲတစေ လူအများနှင့်ဖီလာဆန့်ကျင်ဖြစ်လေ့ရှိကြောင်း၊ ယင်းတို့ကိုချစ်သည်ဖြစ်စေ၊ မုန်းသည်ဖြစ်စေ မိမိသည် အင်္ဂလန်၏ သမ္မတဖြစ်ရန် သို့မဟုတ်ဝန်ကြီးချုပ်ဖြစ်ရန် မဲဆွယ်ကြိုးပမ်းနေခြင်း မဟုတ်ကြောင်း၊ လူအများက မော်ရင်ဟိုကို ချစ်သည့်မုန်းသည့်အကြောင်းကို ပြောနေခြင်းမဟုတ်ကြောင်း၊ သို့သော် မော်ရင်ဟို၏ စွမ်းဆောင် ရည်များကြောင့် ၎င်းကို မလေးမစားမလုပ်သင့်ကြောင်းနှင့် ၎င်း၏ ကိုယ်ရေးရာဇဝင်မှာ မယုံနိုင်စရာကောင်းလွန်းကြောင်း ဆိုခဲ့သည်။

ပရီးမီးယားလိဂ်တွင်အဆင့်လေးနေရာ၌ရပ်တည်နေသော ဝက်စ်ဟမ်းအသင်းသည် စနေနေ့တွင် အပ်တန်ပါ့ခ်၌ ချယ်လ်ဆီးအသင်းကို လက်ခံ ကစားရမည်ဖြစ်သည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly