အမေရိကန်နဲ့ ဆွေးနွေးပြီးနောက် ဆီးရီးယားမှာ တူရကီ ထိုးစစ်ရပ်

အမေရိကန်နဲ့ ဆွေးနွေးပြီးနောက် ဆီးရီးယားမှာ တူရကီ ထိုးစစ်ရပ်

အန်ကာရာ၊ အောက်တိုဘာ ၁၈ ။       ။ တူရကီနိုင်ငံနဲ့ အမေရိကန်တို့ တွေ့ဆုံဆွေးနွေးပြီးနောက်မှာ ကာ့ဒ်ဦးဆောင်တဲ့ တပ်ဖွဲ့တွေ ရုပ်သိမ်းရေးအတွက် ဆီးရီးယားမြောက်ပိုင်းမှာ တူရကီက ထိုးစစ်ရပ်ဖို့ သဘောတူလိုက်ပါတယ်။

အန်ကာရာမှာ တူရကီသမ္မတ တေယစ်အာဒိုဂန်နဲ့ အမေရိကန် ဒုတိယသမ္မတ မိုက်ပန့်တို့ တွေ့ဆုံဆွေးနွေးအပြီးမှာ ခုလို သဘောတူညီချက် ရရှိတာ ဖြစ်ပါတယ်။

သဘောတူညီချက်အရ တိုက်ခိုက်မှု အားလုံးကို ငါးရက်တာ ရပ်ထားပြီး နယ်စပ်မှာ တူရကီက ဘေးကင်းဇုန်အဖြစ် သတ်မှတ်ထားရာ ဧရိယာတွေကနေ ကာ့ဒ်တပ်ဖွဲ့တွေ ရုပ်သိမ်းရေးကို အမေရိကန်က ကူညီသွားရမှာ ဖြစ်တယ်လို့ မိုက်ပန့်က ပြောပါတယ်။

ဒါပေမယ့် ကာ့ဒ်အဖွဲ့ YPG က သဘောတူညီချက်ကို အပြည့်အဝ လိုက်နာလိမ့်မလားဆိုတာ အတိအကျ မသိရပါ။

တိုက်ပွဲတွေ ဖြစ်နေရာ ရက်စ်အယ်အေယင်နဲ့ တဲလ်အက်ယက်မြို့တွေကြားက ဧရိယာတွေမှာ အဆိုပါ သဘောတူညီချက်ကို ဖော်ဆောင်ရေး ကာ့ဒ်ဦးဆောင်တဲ့ တပ်ဖွဲ့တွေက စောင့်ကြည့်သွားမှာ ဖြစ်တယ်လို့ တပ်မှူး ကိုဘာနီက ပြောပါတယ်။

“အခြားဧရိယာတွေအရေးနဲ့ ပတ်သက်လို့တော့ ကျွန်တော်တို့ မဆွေးနွေးထားဘူး။”လို့ ၎င်းက ပြောပါတယ်။

အမေရိကန်တပ်တွေ ဆီးရီးယားက ရုပ်သိမ်းကြောင်း ထရမ့်က ကြေညာပြီးနောက်မှာ တူရကီက လုံခြုံရေးခြိမ်းခြောက်မှုအဖြစ် ရှုမြင်ထားတဲ့ နယ်စပ်က ကာ့ဒ်တပ်ဖွဲ့တွေကို ထိုးစစ်ဆင်လာခဲ့တာ ဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required