မြန်မာနိုင်ငံတွင် 5G ကွန်ယက်ဖြန့်ကြက်နိုင်ရေး အူရီဒူးနှင့် ZTE တို့ပူးပေါင်း

မြန်မာနိုင်ငံတွင် 5G ကွန်ယက်ဖြန့်ကြက်နိုင်ရေး အူရီဒူးနှင့် ZTE တို့ပူးပေါင်း

ရန်ကုန်၊ စက်တင်ဘာ ၂၅ ။         ။ မြန်မာနိုင်ငံတွင် 5G ကွန်ယက်ဖြန့်ကြက်နိုင်ရေးအတွက် အူရီဒူးနှင့် ZTE တို့ပူးပေါင်းအကောင်အထည်ဖော်မည်ဖြစ်ကြောင်း သက်ဆိုင်ရာကုမ္ပဏီများမှ ထုတ်ဖော်ပြောကြားလိုက်သည်။ အူရီဒူးမြန်မာသည် 1.75 GB နှုန်းအထိမြန်ဆန်လာမည့် ၎င်း၏ 5G ကွန်ယက်အခြေခံအဆောက်အုံကို ZTE ၏နည်းပညာဖြင့်ပူးပေါင်းကာ အကောင် အထည်ဖော်သွားမည်ဟု လည်းသိ ရသည်။

“ကျွန်တော်တို့အနေနဲ့က Network အနေနဲ့အသင့်ဖြစ်ပါပြီ လုပ်နိုင်တယ်ဆိုတာကို စမ်းသပ်ချင်ပါတယ်။မြန်မာနိုင်ငံနဲ့ ကိုက်တဲ့နည်းပညာတွေ လည်းရှိ လာမယ်။ နောက်ပြီး အသုံးပြုနိုင်ဖို့ အခွင့်အရေးလည်းပဲ ရပြီဆိုတာနဲ့ ကျွန်တော်တို့ လုပ်နိုင်ဖို့ စတင်စမ်းသပ်ခြင်းဖြစ်ပါတယ်” ဟု အူရီဒူးမြန်မာ၏ Chief Technology and Information Officer, Mr. Sanjay Vaghasia ကပြောသည်။

အူရီဒူးမှ 5G ၏လုပ်ဆောင်နိုင်စွမ်းနှင့် အမြန်နှုန်းကို ZTE ၏နည်းပညာဖြင့် ပူးပေါင်းကာ လက်တွေ့ပြသခဲ့သည့် မြန်မာပလာဇာတွင် စက်တင်ဘာ ၂၅ ရက် နေ့ကပြောဆိုခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၌ ပထမဆုံးအနေဖြင့် 5G ကွန်ယက်ကိုမိတ်ဆက်နိုင်ငံကြိုးပမ်းနေကြောင်းပြောဆိုခဲ့သော်လည်း မည်သည့်အချိန်တွင် အသုံးပြုခွင့်ရရှိမည်ကို တိတိကျကျပြောဆိုခဲ့ခြင်းမရှိခဲ့ပေ။

လက်ရှိအချိန်တွင် 5G ကွန်ယက်သည် အမေရိကန်၊ တရုတ်၊ တောင်ကိုရီးယားအစရှိသည့် ဖွံ့ဖြိုးပြီးနိုင်ငံအချို့တွင်သာ စတင်စမ်းသပ်သုံးစွဲ နေကြခြင်း လည်းဖြစ်သည်။ အကယ်၍ 5G ကွန်ယက်နည်းပညာကိုသာသုံးစွဲနိုင်ပါက မိုဘိုင်းချက်ဆက်မှု၊ AR နှင့် VR စနစ်၊ အရည်အသွေးမြင့်မားသည့် ရုပ်သံတိုက်ရိုက်ထုတ်လွင့်မှု၊ 3D ဗွီဒီယိုများအပြင် အလိုအလျောက်ရွေ့လျားသည့် ယာဉ်များ၊ အရေးကြီးအဆောက်အအုံကိုစောင့်ကြည့် စစ်ဆေးခြင်းများကိုလွယ်ကူ စွာပြုလုပ်နိုင် လာမည်ဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံတွင် လက်ရှိအသုံးပြုနေသည့် 4G စနစ်ထက်ပိုမိုမြန်ဆန်လာသော Network ကြောင့် အိုင်တီနှင့်ပက်သက်သော လူလုပ်အသိ ဉာဏ်(AI) အပါအဝင် အိုင်တီကဏ္ဍများတွင်လည်း တိုးတတ်ပြောင်းလဲမှုများစွာဖြစ်ပေါ်လာနိုင်ဖွယ်လည်းရှိနေသည်။
    

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required