ကင်ညာမှာ စာသင်ကျောင်း ပြိုကျမှုဖြစ်လို့ ကလေးငယ် ၇ ဦး သေဆုံး

By AFP
23 September 2019
ကင်ညာမှာ စာသင်ကျောင်း ပြိုကျမှုဖြစ်လို့ ကလေးငယ် ၇ ဦး သေဆုံး

စက်တင်ဘာ ၂၃ ။          ။ ကင်ညာနိုင်ငံ မြို့တော် နိုင်ရိုဘီမှာ စက်တင်ဘာ ၂၃ ရက် မနက်ပိုင်းက စာသင်ကျောင်းတစ်ခု ပြိုကျမှုဖြစ်လို့ ကျောင်းသားကလေးငယ် ခုနစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

စာသင်ခန်း ပြိုကျမှုဖြစ်ချိန်မှာ မူလတန်းကျောင်းသား၊ ကျောင်းသူ ခုနစ်ဦး သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတာဖြစ်ကြောင်း အစိုးရ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောပါတယ်။

“ ခုထိတော့ ခုနစ်ယောက် သေပြီး ၅၇ ယောက် ဒဏ်ရာရတယ်၊ ဒီလောက်ပဲ ပြောနိုင်ပါသေးတယ်” လို့ အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဆိုင်ရပ်စ် အိုဂန်နာက ပြောပါတယ်။

စာသင်ဆောင် ပြိုကျပြီးနောက် အပျက်အစီး ပုံတွေကြားထဲမှာ စာအုပ်တွေ၊ စားပွဲ အပိုင်းအစတွေ ပြန့်ကျဲနေတာကို တွေ့မြင်ခဲ့ရကြောင်း အေအက်ဖ်ပီ သတင်းထောက်တစ်ဦးက ပြောပါတယ်။

အဆိုပါ စာသင်ကျောင်း ပြိုကျမှုဖြစ်ပြီးနောက် ဆင်းရဲနွမ်းပါးတဲ့ Dagoretti ဒေသက ဒေါသထွက်နေတဲ့ ဒေသခံ ရာနဲ့ချီ စုပြုံလာရောက်ကြည့်ရှုခဲ့ကြတယ်လို့လည်း သိရပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required