ရေရှိနေတဲ့ ဂြိုဟ်တစ်လုံးအား ပထမဆုံးအဖြစ် တွေ့ရှိ

By BBC
12 September 2019
ရေရှိနေတဲ့ ဂြိုဟ်တစ်လုံးအား ပထမဆုံးအဖြစ် တွေ့ရှိ

ပြင်ပကြယ်တာရာအစုအဝေးအတွင်း လည်ပတ်နေတဲ့ ဂြိုဟ်တစ်လုံးရဲ့ လေထုအတွင်း ရေရှိနေကြောင်းကို အာကာသသိပ္ပံပညာရှင်တွေက ပထမဆုံးအဖြစ် ရှာဖွေတွေ့ရှိပါတယ်။

K2-18b လို့ အမည်ပေးထားတဲ့ ဂြိုဟ်မှာ ခုလို ရေတွေ့ရှိတာဟာ ကမ္ဘာ့အတွက် ဂြိုဟ်သားသက်ရှိတွေ ရှာဖွေရေးအတွက် ဖြစ်တန်ခြေလမ်းကြောင်းကို အစပျိုးလိုက်တာပဲ ဖြစ်ပါတယ်။

K2-18b ဂြိုဟ်ရဲ့ လေထုထဲမှာ သက်ရှိဇီဝကလာပ်စည်းတွေ ဖြစ်တည်စေမယ့် ဓာတ်ငွေ့ ဖွဲ့တည်နေမလားဆိုတာကို ဆယ်နှစ်အတွင်း အာကာသမှန်ပြောင်း နည်းပညာသစ်တွေနဲ့ ရှာဖွေနိုင်တော့မှာပါ။

ခုလို ရေရှိနေတဲ့ K2-18b ဂြိုဟ်ကို တွေ့ရှိတာကို သိပ္ပံဂျာနယ် Nature Astronomy မှ အသေးစိတ် ရေးသားတင်ပြလာတာ ဖြစ်ပါတယ်။

အခု တွေ့ရှိမှုဟာ အလွန်အမင်း အံ့သြစိတ်လှုပ်ရှားစရာပါပဲလို့ ဦးဆောင်သိပ္ပံပညာရှင် ပါမောက္ခ ဂျီယိုဗန်နာတင်နက်တီက ပြောပါတယ်။

“ပြင်ပကြယ်တာရာ အစုအဝေးက ဂြိုဟ်တစ်လုံးမှာ ရေရှိနေတာကို ကျွန်တော်တို့ ပထမဆုံး တွေ့ရှိတာပဲ ဖြစ်ပါတယ်။ အဲဒီက အပူချိန်ဟာ သက်ရှိတည်ရှိဖို့အတွက် သင့်တော်တဲ့ အနေအထားမှာ ရှိနေနိုင်ပါတယ်။”လို့ ၎င်းက ပြောပါတယ်။

အခု တွေ့ရှိတဲ့ ဂြိုဟ်ဟာ ကမ္ဘာကနေ အလင်းနှစ်ပေါင်း ၁၁၁ နှစ်(မိုင်ပေါင်း သန်း ၆၅၀ သန်း) အကွာအဝေးမှာ ရှိနေတာကြောင့် စူးစမ်းလေ့လာဖို့ ကွာလှမ်းလို့နေပါတယ်။

ဒီအတွက် ၂၀၂၀ ခုနှစ်တွေမှာ မျိုးဆက်သစ် အာကာသမှန်ပြောင်းသစ်တွေ တီထွင်နိုင်ပြီးမှ စူးစမ်းလေ့လာနိုင်မှာ ဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required