ထိုင်းရဲ့ ချင်းမိုင်မြို့မှာ အဆိပ်အတောက်ဖြစ်စေတဲ့ မီးခိုးမြူဖုံးလွှမ်းမှုနဲ့ ဆိုးဆိုးဝါးဝါး ကြုံတွေ့နေ

ထိုင်းရဲ့ ချင်းမိုင်မြို့မှာ အဆိပ်အတောက်ဖြစ်စေတဲ့ မီးခိုးမြူဖုံးလွှမ်းမှုနဲ့ ဆိုးဆိုးဝါးဝါး ကြုံတွေ့နေ

ဧပြီ ၄ ။    ။ ထိုင်းနိုင်ငံရဲ့ မြောက်ပိုင်းမြို့ တစ်မြို့ ဖြစ်တဲ့ ချင်းမိုင်မှာတော့ လက်ရှိအချိန်မှာ အန္တရာယ် အဆိပ်အတောက်ဖြစ်စေတဲ့ မီးခိုးမြူ ဖုံးလွှမ်းမှုပြဿနာနဲ့ ရင်ဆိုင်ကြုံတွေ့နေရလျက် ရှိပါတယ်။

နိုင်ငံမှာ ခရီးသွားတွေကို အထူးဆွဲဆောင်နေတဲ့့ မြို့လည်း ဖြစ်တဲ့ ချင်းမိုင်မှာတော့ ယခုသီတင်းပတ်အတွင်း အာရှဒေသတွင်း အဆိုးဝါးဆုံးသော အဆိပ်အတောက်ပါ လေထုနဲ့ ဖုံးလွှမ်းခံနေရတာ ဖြစ်ပါတယ်။

ယင်းမြို့က လေထုထဲမှာ အန္တရာယ်ရှိ သေးငယ်တဲ့ အမှုန်အမွှား ပါဝင်မှု လယ်ဗယ် အလွန်အမင်း မြင့်တက်နေလျက် ရှိပါတယ်။

အလားတူ ထိုင်းစစ်အစိုးရခေါင်းဆောင် ပရာယွတ်ချန်အိုချာလည်း ယင်းချင်းမိုင်မြို့ဆီ ဧပြီ ၂ ရက်က ရောက်ရှိလာခဲ့ပြီး ဒီလို မီးခိုးမြူဖုံးမှု ပြဿနာကို အလေးပေးကိုင်တွယ်ဖြေရှင်းဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

ယခုသီတင်းပတ်အတွင်း ယင်းမြို့ မီးခိုးမြူဖုံးလွှမ်းမှုမှာတော့ လေထုထဲ အန္တရာယ်ရှိ အမှုန်အမွှားပါဝင်မှုနှုန်း PM2.5  က ၄၈၀ အထိ ရှိနေခဲ့တယ်လို့ သိရပါတယ်။ PM အဆင့် ၃၀၀ ကျော်တယ်ဆိုရင် အန္တရာယ်ရှိ အဆိပ်အတောက်ဖြစ်စေတဲ့အဆင့်အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required