ကမ္ဘာ့ စျေးအကြီးဆုံး မြို့များအဖြစ် ပါရီ၊ ဟောင်ကောင်နှင့် စင်ကာပူတို့ ပူးတွဲရပ်တည်

ကမ္ဘာ့ စျေးအကြီးဆုံး မြို့များအဖြစ် ပါရီ၊ ဟောင်ကောင်နှင့် စင်ကာပူတို့ ပူးတွဲရပ်တည်

မတ် ၁၉ ။      ။ ပြင်သစ်နိုင်ငံရဲ့ မြို့တော် ပါရီကတော့ ဟောင်ကောင်၊ စင်ကာပူနဲ့အတူ ယခုနှစ်အတွက် ကမ္ဘာပေါ်မှာ expatriates (ပြည်ပမှာ ပြောင်းရွှေ့အခြေချနေထိုင်သူ) တွေအတွက် စျေးအကြီးဆုံး မြို့တွေအဖြစ် ပူးတွဲ သတ်မှတ်ခံခဲ့ရကြောင်း သိရပါတယ်။

စီးပွားရေးထောက်လှမ်းမှု အဖွဲ့ Economist Intelligence Unit (EIU) က မတ်လ ၁၉ ရက်မှာ ထုတ်ပြန်တဲ့ စစ်တမ်းတစ်ခုမှာတော့ အဆိုပါ မြို့ကြီးသုံးမြို့က ထိပ်ဆုံးနေရာတစ်ခုတည်းမှာ ပူးတွဲရပ်တည်နေကြတာဖြစ်ပါတယ်။

EIU က ယင်းစစ်တမ်းကို ထုတ်ပြန်လာခဲ့တဲ့ ဆယ်စုနှစ် သုံးစုကျော်အတွင်း ယခုလို မြို့ကြီး သုံးမြို့ ထိပ်ဆုံးနေရာမှာ ပူးတွဲရပ်တည်နိုင်တာ ဒါ ပထမဆုံးလည်း ဖြစ်ပါတယ်။

ယင်းစစ်တမ်းမှာတော့ ဗင်နီဇွဲလားရဲ့ မြို့တော်ကတော့ ကမ္ဘာ့ စျေးအပေါဆုံးအဖြစ် သတ်မှတ်ခံရတယ်လို့ သိရပါတယ်။

ယင်းစစ်တမ်းကတော့ ကမ္ဘာ့ မြို့ပေါင်း ၁၃၃ မြို့ရဲ့ စျေးနှုန်းတွေ၊ ကုန်ကျစရိတ်တွေကို နှိုင်းယှဉ်ခွဲခြား အဆင့်သတ်မှတ်တာ ဖြစ်ပါတယ်။

ပြင်သစ်မြို့တော် ပါရီကတော့ ယင်းစာရင်း Top-10 စာရင်းမှာ ပါဝင်နိုင်ခဲ့တဲ့ တစ်ခုတည်းသော ဥရောပမြို့လည်း ဖြစ်ပါတယ်။

ယခုနှစ် စာရင်းမှာ ယင်း နံပါတ်တစ်နေရာမှာ အထက်ပါ မြို့ သုံးမြို့က ပူးတွဲရပ်တည်နေပါတယ်။ ယင်းတို့ရဲ့ နောက်မှာတော့ ဇူးရစ်၊ ဂျီနီဗာ၊ အိုဆာကာ၊ ဆိုးလ်၊ ကိုပင်ဟေဂင်၊ နယူးယော့ခ်၊ တယ်လ်အဗစ်၊ လော့စ် အိန်ဂျလိစ် တို့ ရပ်တည်နေကြလျက် ရှိပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required