နည်းပြ၏ညှိုနှိုင်းမှုကြောင့် လက်ရွေးစင်အသင်းတွင်ပြန်ကစားရန် ဆုံးဖြတ်ခဲ့ခြင်းဟု ခင်မောင်လွင်ဆို

နည်းပြ၏ညှိုနှိုင်းမှုကြောင့် လက်ရွေးစင်အသင်းတွင်ပြန်ကစားရန် ဆုံးဖြတ်ခဲ့ခြင်းဟု ခင်မောင်လွင်ဆို
မြန်မာအသင်းတွင်ပြန်လည်ရွေးချယ်ခံခဲ့ရသည့် ခင်မောင်လွင်။

အောက်တိုဘာ ၃၊ ရန်ကုန်။           ။ လက်ရွေးစင်ကစားသမားအဖြစ်မှအနားယူပြီဟု ကြေငြာထားသည့်ရန်ကုန်အသင်းခေါင်းဆောင် ခင်မောင်လွင်က နည်းပြ အေဗရာမိုဗစ်၏ ညှိုနှိုင်းမှုကြောင့် လက်ဘနွန်၊ လာအိုတို့နှင့်ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ပြန်လည်ကစားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည် ဟုပြောသည်။

ခင်မောင်လွင်မှာ ၂၀၀၆ခုနှစ်ကတည်းက လက်ရွေးစင်အသင်းတွင် ကစားနေသူဖြစ်ပြီး အသင်းအတွက်ပွဲပေါင်း ၆၂ပွဲကစားထားကာ ၄ဂိုးသွင်းယူထားသည်။ “နည်းပြက လက်ရွေးစင် အသင်းမှာ ပြန်ကစားပေးဖို့ ကျွန်တော့်ကို တောင်းဆိုတယ်။ အသင်းမှာ ဇော်မင်းထွန်း၊ အောင်ဇော်တို့ပွဲပယ်ခံထားရလို့ အခက်အခဲရှိနေလို့ပါ။ လက်ဘနွန်၊ လာအို တို့နဲ့ကစားမယ့် နှစ်ပွဲပဲ ကစားမှာပါ။ နောက်ပွဲတွေမှာတော့ အသင်းရဲ့လိုအပ်ချက်အပေါ် မူတည်ပါတယ်။”ဟု ခင်မောင်လွင်ကဆိုသည်။

မြန်မာအသင်းတွင် အဓိကနောက်ခံလူ အောင်ဇော်မှာ ကူဝိတ်ကို ၉-ဝဂိုးဖြင့် ရှုံးခဲ့သောပွဲ၌ တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံထားရသဖြင့် သုံးပွဲပယ်ပြစ်ဒဏ်ကျခံနေရပြီး ဇော်မင်းထွန်းမှာလည်း သုံးပွဲဆက် အဝါကတ်အပြခံထားရသဖြင့် တစ်ပွဲပယ်ပြစ်ဒဏ်ကျခံနေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required