Longboard စီးတဲ့ တရုတ်မလေး လူမှုကွန်ရက်ပေါ်မှာ နာမည်ကြီးနေ

Longboard စီးတဲ့ တရုတ်မလေး လူမှုကွန်ရက်ပေါ်မှာ နာမည်ကြီးနေ

မတ် ၈ ။       ။     စကိတ်လျှောပြားနဲ့ ခပ်ဆင်ဆင်တူတဲ့ အားကစားပစ္စည်းတစ်မျိုးဖြစ်တဲ့ Longboard ကို ကျွမ်းကျင်ပိုင်နိုင်စွာ စီးပြနိုင်တဲ့ တရုတ်နိုင်ငံသူလေး Mu Qing ကိုတော့ နိုင်ငံအနောက်တောင်ပိုင်း ချန်ဒူမြို့လယ်လမ်းတွေပေါ်မှာ ပုံမှန် စကိတ်စီးလေ့ရှိတာကို တွေ့ရမှာဖြစ်ပါတယ်။

ထူးခြားတာကတော့ သူမက ယင်း longboard စီးနေရင်းနဲ့ ကျွမ်းကျွမ်းကျင်ကျင်နဲ့ ခန္ဓာကိုယ်ကို တစ်ပတ်လှည့်တာ၊ ကပြတာတို့ကို လုပ်တတ်ခြင်း ဖြစ်ပါတယ်။ သူမရဲ့ သူငယ်ချင်းတစ်ဦးက နောက်ကနေ လိုက်ပြီး သူမ စီးတာကို စမတ်ဖုန်းတစ်လုံးနဲ့ ရိုက်ကာ အွန်လိုင်းပေါ် တင်လိုက်ရာကနေ လူသိများသွားခဲ့ပါတယ်။

ယခုဆိုရင် ဆိုရှယ်မီဒီယာပေါ်မှာ follower ပေါင်း သန်းဝက်ကျော်လောက် ရှိနေတဲ့ အသက် ၂၁ နှစ်အရွယ် Mu ကတော့ တရုတ်နိုင်ငံက longboard စီးတဲ့ စတားပလေယာတွေထဲက တစ်ဦးဖြစ်နေပါပြီ။

နိုင်ငံမှာ မိမိတို့ရဲ့ ကျွမ်းကျင်ပိုင်နိုင်မှုတွေကို ဗီဒီယိုတွေနဲ့ ရိုက်ကူးပြီး အင်တာနက်ပေါ်တင်ကြတဲ့ လူငယ်အမျိုးသမီးအုပ်စုထဲမှာ Mu လည်း တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။

စကိတ်စီးတာ၊ BMX စက်ဘီးစီးတာလိုမျိုး အစဉ်အလာအားဖြင့် အမျိုးသားတွေသာ လွှမ်းမိုးထားတဲ့အားကစားနည်းမျိုးကို ခုလို တရုတ်လူငယ်အမျိုးသမီးတွေ ပိုင်ပိုင်နိုင်နိုင် စီးလာခြင်းကလည်း လူမူကွန်ရက်ပေါ်မှာ လျင်လျင်မြန်မြန် လူသိများလာခြင်းရဲ့အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required