သွိုင်းရွိုက်ရောဂါအကြောင်း သိကောင်းစရာ - အပိုင်း ( ၅ )

By မျိုးသန့်(မဇ္စျိမ)
27 February 2019
သွိုင်းရွိုက်ရောဂါအကြောင်း သိကောင်းစရာ - အပိုင်း ( ၅ )

4R Health Talk အစီအစဉ်ကနေ ကြိုဆိုပါတယ်ခင်ဗျာ။ ကျွန်တော်တို့ ဆက်လက်ဆွေးနွေးသွားမှာကတော့ အထူးသဖြင့်  သွိုင်းရွိုက် ဟော်မုန်း ရောဂါနဲ့ ပတ်သက်ပြီးတော့ အဲဒီရောဂါဌာနရဲ့ ပါမောက္ခဌာနမူး ဖြစ်တဲ့ ဆရာမ ဒေါ်ခင်စောသန်းနဲ့ ဆွေးနွေးတဲ့အခါ ဆီးချိုရောဂါ ဖြစ်လာပြီဆိုရင် ဘယ်လို လက္ခဏာတွေပြတတ်တယ်၊ နောက် လူနေမှု ပုံစံတွေနဲ့ ဘယ်လိုဆက်စပ်တယ် အစရှိသဖြင့် ဆွေးနွေးထားပါတယ်။

မေး။ ။ ဆီးချိုရောဂါ ဖြစ်ပြီဆိ်ုရင် ရောဂါလက္ခဏာတွေက ဘယ်လိုမျိုး ပြတတ်ပါသလဲခင်ဗျား။

ဖြေ။ ။ ဆီးချိုရောဂါ ဖြစ်ပြီဆိုရင်တော့  သွေးထဲမှာ အချိုဓာတ်များလာတယ် ။ အချိုဓာတ်များလာတဲ့အခါမှာ ဆိုလို့ရှိရင် အာခြောက်မယ် ရေငတ်မယ် ဆီးတွေခဏခဏသွားမယ် ညဖက်မှာလည်း ဆီးက နှစ်ကြိမ် သုံးကြိမ် ခဏခဏသွားမယ်၊ ပြီးလို့ရှိရင် အစားက ပိုစားချင်မယ်။ ဘာလို့လဲဆိုတော့ ဆရာမပြောပြမယ်၊   ကာဘိုဟိုက်ဒရိတ်ကို တောင်းတတယ်၊ စားချင်တယ် စားတဲ့ကြားထဲက လူကလည်း ပိန်လာမယ် မောပန်းလာမယ် နုံးလွယ်မယ်၊ ဟိုက်နေမယ်၊ အဲ့ဒီလိုမျိုးကြီး နဲနဲလေးလှုပ်ရှားလိုက်တာနဲ့ မောနေမယ်၊ အာရုံမစူးစိုက်ချင်တော့ဘူး ဒီလိုလက္ခဏာတွေက ဆီးချိုဖြစ်နေတဲ့လက္ခဏာ။ နောက်ထပ် တစ်ခြားလက္ခဏာတွေကတော့ တစ်ချို့လူတွေကို ပြောတာပါ။ ဆီးသွားတယ် ဆီးမှာ ပရွက်ဆိတ်တွေအုံနေတယ်၊ ဒါလေးကလည်း တစ်ခါတစ်လေ မှန်တတ်တယ်ပေါ့။ ဒါလေးက ဆီးမှာသွားပြီးတော့ ပရွက်ဆိတ် အုံတယ်ဆို၊ ဒါ ဖြစ်နေသလားဆိုတာလို့ပဲ။ နောက်တစ်ခုကတော့ ဘာလဲဆိုတော့ မိမိကိုယ်ကိုက သတိထားသင့်တာ။ မျိုးရိုးကလည်း ရှိတယ် အဖေအမေပဲဖြစ်ဖြစ် မျိုးရိုးကရှိတယ်။ ကိုယ်ကိုယ်တိုင်လည်း ဝနေတယ် နောက် အဲ့ဒီလူတွေဆိုလို့ရှိရင်တော့ စောစောစီးစီးကတည်းက ဆီးချိုဖြစ်နေပြီလားဆိုတာ သတိထားဖို့လိုုတယ်။ နောက်တစ်ခါ အသက်လေးဆယ်ကျော်လာပြီ လေးဆယ့်ငါးနှစ်ကျော်လာပြီဆို ဘယ်သူမဆိုက ဆီးချိုဖြစ်နိုင်တယ်ဆိုတဲ့ သတိလေးထားဖို့ လိုတယ်ပေါ။ အထူးသဖြင့် အဝလွန်တယ်ဆိုလို့ရှိရင် အဝလွန်တဲ့လူ အထူးသဖြင့် ဝပုံဝနည်းတောင်မှ ဒီလို ခန္ဓာကိုယ်အလယ်ပိုင်း ပိုက်ရွှဲနေသလို ပိုက်ရွှဲနေတယ်၊ လှုပ်ရှားမှုနဲတယ်။ အထိုင်များတဲ့လူတွေ ဒီလူတွေက ဆီးချိုဖြစ်ဖို့ အလားအလာရှိတယ်။ အမျိုးသမီးတွေထဲမှာဆိုလည်း ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါဖြစ်ဖူးတယ်၊ အခုတော့ ဒါကို ဦးစားပေးမပြောတော့ဘူး။ ဒါပေမယ့် ကလေးက အရမ်းထွားတဲ့ကလေးပေါ့နော် ကိုးပေါင်ဆယ်ပေါင်ရှိတဲ့ကလေး မွေးထားတယ်။ အဲ့ဒီလိုလူတွေဆိုလို့ရှိရင် နောင်တစ်ချိန်မှာ ဆီးချိုဖြစ်ဖို့ အလားအလာရှိတယ် ဆိုတာ အဲ့ဒီလိုလူတွေကို ဆရာမတို့က အခုနောက်ပိုင်းမှာ ဆိုလို့ရှိရင် ဆီးချိုစင်တာပေါ့နော်။ ဆေး ၂ ၊ ဆေး ၁ မှာ ဆရာမတို့ ဆီးချိုဟော်မုန်းဌာနတွေမှာ ဖွင့်တယ်။ ဖွင့်တဲ့အခါမှာ ဆရာမတို့က ဆရာဝန် ဆရာမတွေကို ဆီးချို ကုသတဲ့ ပုံစနစ်ကို ဆရာမသင်တန်းတွေပေးတယ် ။ အဲ့ဒါအပြင်ကို ဆရာမတို့က စောစောကဆရာမပြောတဲ့ ဆီးချိုဖြစ်ဖို့ အလားအလာရှိသောသူများကို ရှာဖွေပြီးတော့ ဆရာမတို့ ဆီးချိုရှိမရှိ စစ်ပေးတယ်။ စစ်ပေးတဲ့အခါဆရာမတို့ရဲ့ ရည်ရွယ်ချက်က စောစောစီးစီး ဆီးချိုးအမျိုးအစား ၂ က စောစောက လက္ခဏာတွေပြောပေမယ့် လူတိုင်းမှာ အဲ့ဒီလက္ခဏာက ပေါ်မလာဘူး။ အဲ့ဒါကြောင့် ဆီးချိုဖြစ်ပြီးတော့ နောက်ဆက်တွဲရောဂါဖြစ်မှ ဥပမာ heart attack  ဖြစ်မှ လေဖြတ်သွားမှ ခြေထောက်တွေ ထုံကျင်လာမှ တစ်ချို့တွေဆိုရင် မျက်လုံးက မမြင်လို့ မျက်စိဆရာဝန်သွားပြမှ ဆီးချိုဖြစ်မှန်း သိပြီးတော့ ဆရာမတို့ဆီကို ရောက်လာတာရှိတယ်။ အဲ့ဒီလို နောက်ကျတာတွေရှိတယ် ဒါကြောင့် စောစောစီးစီးရှာဖွေ ဖော်ထုတ်ပြီး ကုသလိုက်မယ်ဆိုရင်တော့ ဒီဆီးချိုကြောင့် နောက်ဆက်တွဲဖြစ်တဲ့ ဆင့်ပွားရောဂါတွေက ကင်းဝေးပြီးတော့ သူတို့ကို ဒီဆီးချိုရောဂါသည်တွေကလည်း သက်တမ်းရှည်ရှည်နဲ့ သက်တမ်းစေ့နေနိုင်ဖို့အတွက် မျှော်မှန်းတဲ့အတွက် အဲ့ဒီလိုမျိုး ရှာဖွေတဲ့လုပ်ငန်းပေါ့၊ ဆရာမတို့ တစ်နိုင်တစ်ပိုင် ကိုယ့်ရဲ့ပတ်ဝန်းကျင်နဲ့ တစ်ချို့နေရာလေးတွေမှာ health center တွေမှာ ဆရာမတို့ သွားပြီးတော့ လူတွေကို စုတယ်။ စုပြီးတော့ စစ်ဆေးပေးတယ်၊  ဒါမျိုးတွေ activity တော့ ဆရာမတို့ လုပ်ကိုင်နိုင်ပါတယ်။ နိုင်ငံတော်ကလည်း ဒီပရော့ဂျက် ကို ဇောင်းပေးပြီးတော့ လုပ်နေတဲ့အတွက်   နောက် ဆီးချိုရောဂါ ကုသတာကိုလည်း ကျေးလက်ကျန်းမာက ကျေးရွာအထိအရောက် ကုသမှုပေးနိုင်ဖို့အတွက် ဒီဆီးချိုပရော့ဂျက်ကို ဆေးတက္ကသိုလ် ၂ က ဆရာဦးကိုကိုတို့ ဦးဆောင်နေတဲ့ ပရော့ဂျက်က ဆိုလို့ရှိရင် တစ်နိုင်ငံလုံးမှာရှိတဲ့ health center ကျေးလက်ကျန်းမာရေးဌာန၊ မြို့နယ်ကျန်းမာရေးဌာနတွေမှာ သွားပြီး ဆီးချို အခြေခံဖြစ်တဲ့ ဆီးချိုနဲ့ပတ်သက်တဲ့ဆေးမျိုး ပေးပြီး ကုသတတ်အောင် training ပေးတာတွေ ဆေးတွေကို ဖြန့်ဖြူးပေးတာတွေကို ဆောင်ရွက်နေပါတယ်။

မေး။ ။ ဆရာမကြီး ပြောသွားတဲ့အထဲမှာ နေထိုင်မှုပုံသဏ္ဍာန်ကလည်း ဆီးချိုဖြစ်ဖို့ကို တစ်ချို့ အားပေးတယ်၊ အဝလွန်ပြီး လှုပ်ရှားမှုနဲတာ အထိုင်များတာ။ ကျွန်တော်တို့ ဒီလူနေမှုဘဝကို ပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်း ရုံးထဲမှာနေကြတယ်၊ လှုပ်ရှားမှုနဲတယ်။ ကျွန်တော်တို့ရဲ့ ကလေးတွေကို ပြန်ကြည့်မယ်ဆိုရင်လည်း အားကစားလုပ်ဖို့ရာအတွက် လုံလုံလောက်လောက် အခွင့်အရေးမရှိဘူး။ တီဗီစခရင် ဒါမှမဟုတ်ရင် ဖုန်းစခရင်မှာပဲ အချိန်တော်တော်များများကုန်နေတယ် ဆိုတဲ့အခါကျတော့ ဒီလိုမျိုးရောဂါမဖြစ်စေဖို့ ဘယ်လိုမျိုး လုပ်သင့်တယ်ဆိုတဲ့ အကြံပြုချက်လေးလည်း ပြောပေးပါခင်ဗျား။

ဖြေ။ ။ ဒီမေးခွန်းလေးကိုတော့ ဆရာမအများကြီးကြိုဆိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဆရာမတို့က ဒီဆီးချိုရောဂါအဖြစ်နှုန်းက အရမ်းများတဲ့အခါ ကုသမှုတင် မကတော့ဘဲ ဆရာမတို့ ကာကွယ်ဖို့ဆိုတဲ့ဟာ အလွန်အရေးကြီးပါတယ်။ အဲ့ဒီတော့ ကာကွယ်မှုဖြစ်အောင် လူနေမှုပုံစံပေါ့နော်၊ လူနေမှုစနစ်ကို ပြောင်းလဲဖို့တော့ လိုတယ်။ အဲ့ဒါကြောင့် ဒီကျောင်းသားကျောင်းသူတွေက တစ်ဆင့် ဆရာမတို့ ကျန်းမာရေးဝန်ကြီးဌာနတွေ မကဘဲနဲ့ health centre တင်မက တစ်ခြား other setor တွေပါမယ်၊ ပညာရေးပါမယ်၊ တစ်ခြားဌာနတွေပါ ပံ့ပိုးပေးတော့ ကျွန်မတို့ လူငယ်တွေ၊ ကျောင်းတွေမှာ ကျောင်းသားတွေက PT ချိန်မှာ သူတို့အားကစားဆိုရင် မလုပ်မနေရ ဖြစ်ရမယ် ဒီလိုမျိုးအားကစားကို လိုက်စားချင်စိတ်ဖြစ်အောင် နောက်ပြီးလို့ရှိရင် မလုပ်မနေရပုံဆိုတော့ compulsory ပုံမျိုး။ သူတို့ကို လုပ်ဖို့ အကျင့်ဖြစ်အောင်လုပ်ပေးရမယ်။ နောက် ကျွန်မတို့ ဒီလုပ်ငန်းခွင်မှာ လုပ်ရင် အလုပ်နဲ့ပိနေတဲ့ နေရာမှာ  လုပ်ငန်းခွင်မပျက်ပေါ့ ၊ သွားပြီးတော့ အားကစားလေး အချိန်နာရီဝက်လောက် ဖြစ်ဖြစ်၊ ပြေးပြီးတော့ လေ့ကျင့်ခန်းတွေ တစ်ခုခုလုပ်လို့ရအောင်၊  ဒါမျိုးလုပ်ဖို့အတွက် အားပေးပြီးတော့ ကျွန်မတို့က support လုပ်ပေးပြီးတော့ ဌာနအကြီးအကဲတွေကလည်း ကိုယ်ကိုယ်တိုင်ကို initiate လုပ် စီစဉ်ပေးတာမျိုးတွေ ဒါတွေ လုပ်ကြမယ် ဆိုလို့ရှိရင်၊ ဘာလို့လဲဆိုတော့ သီးသန့် အချိန်ပေးဖို့ သွားပြီးတော့ အခုခေတ်မှာ လူတိုင်းက stress ဖြစ်တယ်။ အလုပ်လုပ်ချိန်မှာ stress တအားများတယ်။ များတဲ့အခါ မအားတဲ့ကြားထဲကပဲ အချိန်လေးနဲနဲကို အဲ့ဒီတော့ ဒီဆီးချိုလူနာတွေကို ဆရာမအမြဲပြောတာ၊ တစ်ရက်ကို နာရီဝက် အနဲဆုံး ချွေးထွက်အောင် break walking မျိုးပဲဖြစ်ဖြစ်၊ လှုပ်ရှားမှုမျိုးကို တစ်ပတ်ကို မိနစ် ၁၅၀ အနဲဆုံးလှုပ်ရှာဖို့ လိုတယ်။ အသီးအရွက်ကို များများစားဖို့လိုတယ်၊ အသီးအရွက် အသားငါး ပဲအမျိုးမျိုးနဲ့ပေါ့နော်။ ပြည့်ဝတဲ့ အဆီမဟုတ်တဲ့ဟာ အမျိုးတွေပေါ၊့ ပြည့်ဝဆီတော့လျှော့မယ် ပြည့်ဝဆီမဟုတ်တဲ့ဟာတွေ ငါးတွေပေါ့ ပိုပြီးတော့ စားမယ် ။ နောက် ထမင်း စားသုံးတဲ့ပမာဏကို လျှော့ရမယ် ။ နောက် fast food တွေ၊ ဆီကျော်တဲ့ ဟာတွေ ready made ဟာတွေကို စားသုံးတာလျှော့ပြီးတော့၊ တီဗီနဲ့ ဖုန်းနဲ့ အချိန်တွေကုန်မယ့်အစား၊ ကိုယ့်ဟာကို ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည်နေချင်သလို၊ ဆီးချိုရောဂါတွေဆိုတာတော့ တစ်သက်လုံး ဒီရောဂါရဲ့ ဒဏ်တွေက အများကြီးခံစားရပါတယ်။ သူ့ရဲ့ နောက်ဆက်တွဲရောဂါတွေဆို ဆီးချိုကြောင့် နောက်ဆက်တွဲ မဖြစ်တာမကျန်ဘူး။ အဆစ်ရော နှလုံးရော၊ ကျောက်ကပ်ရော မျက်လုံးရော၊ အာရုံကြောရော ဘယ်ဟာမှ ခြေထောက်ပေါ် ဘယ်ဟာမှမလွတ်ဘူးပေါ့နော်။ ဆင့်ပွားရောဂါတွေမဖြစ်အောင်၊ ရောဂါကြီးကကင်းဝေးအောင်၊ ကျန်းမာတဲ့လူနေမှုစနစ်။ စောစောက အသီးအနှံများများစားသုံးမယ်၊ ကစီဓာတ်တွေ စေးကပ်တဲ့ စေးပြောင်တဲ့ဟာတွေ ရှောင်မယ်၊ နောက်ပြီးတော့ ကိုယ်လက်လှုပ်ရှား အားကစား လုပ်မယ်၊ ဆေးလိပ်သောက်ခြင်း အရက်သောက်ခြင်း ဒီဟာတွေကိုသာ လူတွေက လိုက်နာပြီး နေထိုင်မယ်ဆိုရင် ဆရာမတို့က ဒီရောဂါတွေက ကင်းဝေးမှာ။ အခုဒီကျန်းမာရေးဝန်ထမ်းလိုအပ်ချက် ဆေးဝါးတွေလိုအပ်ချက် ဒါတွေက တော်တော်တောင် အဲ့ဒီစနစ်အတိုင်းနေထိုင်မယ်ဆိုလို့ရှိရင် ဆရာမတို့က တော်တော်နဲသွားမှာ အခုကျတော့ ဆရာမတို့ အားကစားကွင်းတွေကလည်း ရှားပါးလာတာပေါ့နော်၊ နဲလာတယ် ကျောင်းတွေမှာလည်း မိဘတွေ ကိုယ်တိုင်ကိုက ကလေးကို 4D ရမယ်၊ 5D ရမယ် 6D ရမယ် ဒါကိုပဲ အရမ်းဖိနေတယ်။ ကိုးတန်းဆယ်တန်းဆို အမေ ကိုယ်တိုင် စာလိုက်ကျက်ပြီးတော့ စာကို စားပွဲကမထဘူး။ ကျောင်းပြီးတော့ ကျူရှင်၊ ကျူရှင်ပြီးတော့ guide ကလာမယ်ဆို ကလေးက ဒီစာနဲ့ပဲ အရမ်းဖိပြီးတော့ ကျန်းမာခြင်း ဆုံးရူံးသွားပြီဆိုရင် စောစောက ကျက်ထားတဲ့စာတွေက ဘာမှ ပြန်အသုံးချလို့ မရတော့ဘူး မိဘတွေကိုယ်တိုင်လည်း နားလည်ပြီး ကိုယ့်သားသမီးကို ကျန်းမာတဲ့ ကလေးတွေ လူငယ်တွေ အနာဂတ်ခေါင်းဆောင်တွေ ဖြစ်အောင် မိဘတွေကိုယ်တိုင် နားလည်ပြီးတော့ ပံ့ပိုးပေးဖို့ လိုပါတယ်။   ။

Mizzima Weekly