ကမ္ဘာ့ချန်ပီယံခါးပတ်လုပွဲအတွက် ပြင်းပြင်းထန်ထန် လေ့ကျင့်ပြီး ယုံကြည်မှု အပြည့် ရှိနေသော Nong-O

ကမ္ဘာ့ချန်ပီယံခါးပတ်လုပွဲအတွက် ပြင်းပြင်းထန်ထန် လေ့ကျင့်ပြီး ယုံကြည်မှု အပြည့် ရှိနေသော Nong-O

ထိုင်းနိုင်ငံ၏ မွေထိုင်းချန်ပီယံအဖြစ်နှင့် ဆုတံဆိပ်ပေါင်းများစွာ သိမ်းပိုက်ထားပြီး ဂုဏ်သိက္ခာကြီးမားသော ထိုင်း ကိုယ်ခံပညာကစားသမား Nong-O Gaiyanghadao သည် ခမ်းနားလှသော ဂုဏ်သတင်းကြီးမှုကို ထပ်မံမြှင့်တင်နိုင်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပါသည်။

ထိုင်းနိုင်ငံ၏ မွေထိုင်းလက်ဝှေ့ကစားသမားသည် လာမည့် ONE: CLASH OF LEGENDS ပြိုင်ပွဲမှာ တရုတ် ကိုယ်ခံပညာကစားသမား အကျော်အမော် Han Zi Hao နှင့် ONE ဘန်တန်ဝိတ်ပြိုင်ပွဲ၌ ကမ္ဘာ့မွေထိုင်း ခါးပတ်လုရမည် ဖြစ်သည်။

Nong-O အနေဖြင့် အဆိုပါပြိုင်ပွဲသည် Impact အားကစားကွင်းကြီးအတွင်းတွင် ထိုင်းလူမျိုး ပရိသတ်များ၏ တစ်ခဲနက်အားပေးမှု ရှေ့မှောက်၌ ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် အခွင့်အရေးကောင်းများ ပိုမိုရရှိစေမည်ဖြစ်သည်။

“ဒါ ကျွန်တော့်အတွက် ဧရာမ အခွင့်အရေးကြီးပါ။ လာမယ့်ပွဲစဉ်အတွက် အရမ်းကို ရင်ခုန်စိတ်လှုပ်ရှားနေပါသည်။ ချန်ပီယံခါးပတ်အတွက် ပြင်းပြင်းထန်ထန် လေ့ကျင့်နေပါတယ်” လို့ လေ့ကျင့်မှုပိုင်းဆိုင်ရာနှင့် ပတ်သက်ပြီး Nong-O ကပြောကြားသည်။

Nong-O သည် လက်ဝှေ့ကြိုးဝိုင်းနှင့် ၃ နှစ်ကြာ ဝေးကွားနေပြီးနောက် ၂ဝ၁၈ ခုနှစ် ဧပြီလမှာ ကျင်းပခဲ့သော ONE: HEROES OF HONOR ပြိုင်ပွဲ၌ ပြင်သစ်ထိပ်တန်း ကိုယ်ခံပညာကစားသမား Fabio Pinca ကို အနိုင်ယူနိုင်ခဲ့ပါသည်။

၎င်းသည်  ပြီးခဲ့သော ၂ဝ၁၈ ခုနှစ်၊ အောက်တိုဘာလမှာ Mehdi Zatout ကိုအနိုုင်ယူပြီး ကမ္ဘာ့ချန်ပီယံဆုကို ရယူကာ ကြီးမားသော ၎င်း၏ ခွန်အားနှင့် တိုက်ခိုက်စွမ်းရည်ကိုပြသနိုင်ခဲ့သည်။

Lumpinee Stadium မှပေးအပ်သော ကမ္ဘာ့မွေထိုင်း ချန်ပီယံဆု ၄ ဆု နှင့် Rajadamnern Stadium မှ ပေးအပ်သော ကမ္ဘာ့မွေထိုင်းချန်ပီယံဆု ၁ ဆု ရရှိခဲ့ဖူးသော Nong-O သည် အသက် ၃၂ နှစ်ရှိနေပြီဖြစ်သော်လည်း အောင်မြင်မှုကို ဆာလောင်သော စိတ်ဓါတ်သည် လုံးဝ မယုတ်လျော့သေးပေ။ ၎င်းသည် လက်ရှိအချိန်တွင် ကမ္ဘာ့ကိုယ်ခံပညာသိုင်းပေါင်းစုံ စင်မြင့် ပေါ်ရောက်ရှိလာပြီး ၎င်းဘဝ၏ မည်သည့်အချိန်ကာလတွင်မဆို အောင်မြင်မှုရယူဖို့ စိတ်ဆုံးဖြတ်ထားပါသည်။

“ONE Championship ဆိုတာ အားပေးတဲ့ ပရိသတ်အပြည့်နဲ့ ကျင်းပတဲ့ ကမ္ဘာ့အဆင့်ပြိုင်ပွဲကြီးတစ်ခုပါ။ ဒီပွဲဟာ တကယ့် ကမ္ဘာ့ချန်ပီယံရှစ် ပွဲတစ်ပွဲပါပဲ။ ကျွန်တော်တို့နှစ်ယောက်စလုံး အကောင်းဆုံး ယှဉ်ပြိုင်မှာဖြစ်လို့ ဒီပွဲဟာ အရှိန်အဟုန်ကြီးမားသော ထိုးသတ်ပွဲကြီး ဖြစ်လာမှာပါ” လို့ NONG-Oက ရှင်းပြပါသည်။

Han Zi Hao သည် ၂ဝ၁၈ ခုနှစ်၊ ONE Super Series ၏ အအောင်မြင်ဆုံး ပြိုင်ပွဲဝင်တစ်ဦးဖြစ်ပြီး အရှိန်အဟုန်နှင့် တိုးတက်လာသော ကစားသမား တစ်ဦးဖြစ်သည်။ ကိုယ်ခံပညာ သိုင်းပေါင်းစုံပြိုင်ပွဲကို ၃ပွဲဆက် အနိုင်ရရှိထားခဲ့ဖူးပြီး ထိုင်း ထိပ်တန်း မွေထိုင်းကမ္ဘာ့ချန်ပီယံတွေထဲက တစ်ဦးလည်းဖြစ်သည်။

Nong-Oသည် ပြိုင်ဘက်၏အားနည်းချက် အားသာချက်များကို ကြိုတင်လေ့လာခဲ့ပြီး ပြိုင်ဘက်၏ အရည်အချင်းကောင်းများကို ချီးကျူးလေးစားသော်လည်း ကြောက်ရွံ့မနေဘူးဟု ဆိုပါသည်။

“Han Zi Hao က ကျွန်တော်ထက် အရပ်အမောင်း ပိုကောင်းပါတယ်။ သူရဲ့ လက်သီးထိုးချက်တွေကလည်း အတော်လေးပြင်းပါတယ်။ ဒါပေမယ့်ခြေကန်ချက်ပိုင်းမှာ အားနည်းတယ်။ ဒါဟာ မွေထိုင်းရဲ့ ပုံစံမဟုတ်ပါဘူး။ ကျွန်တော်ကတော့ သူဟာ ကျွန်တော်ကို ခြိမ်းခြောက်နိုင်လိမ့်မယ်လို့ မထင်ပါဘူး” ဟု ထိုင်း ကိုယ်ခံပညာကစားသမား Nong-O က ပြိုင်ဘက်အပေါ် သုံးသပ်သွားခဲ့သည်။

 

Nong-O သည် မွေထိုင်းလောကမှာ ပွဲ ၃ဝဝ နီးပါးလောက် ထိုးသတ်ခဲ့ပြီး အတွေ့အကြုံ အများအပြားရှိသောကြောင့် ပြိုင်ဘက်အနေနှင့် ၎င်းကို တုန်လှုပ်စေမည်ဆိုသည်မှာ အလွန်ခဲယဉ်းသောကိစ္စပင် ဖြစ်သည်။

“ကျွန်တော် မွေထိုင်းကို စပြီးလေ့လောနေတဲ့အချိန်မှာ Han Zi Hao က မွေးတောင် မမွေးသေးလောက်ဘူး။ ကျွန်တော့် ကစားဟန်က ပုံစံစုံတယ်။ တိုက်စစ်ရော ခံစစ်ပါ ၂ ခုလုံးသုံးပါတယ်။ သူက လက်သီးထိုးချက်ကောင်းသည်။ ခြေကန်ချက်က သာမန်အဆင့်လောက်ပဲ” လို့ Nong-O က ဆိုသည်။

လက်ရှိ ပြင်ဆင်မှုများက ၎င်းကို အကောင်းဆုံး ထောက်ပံ့ပေးပြီး ပြိုင်ပွဲပြီးဆုံးချိန်တွင် ချန်ပီယံခါးပတ်ဝတ်ပြီး ထိုင်းနိုင်ငံသားတွေ ဂုဏ်ယူနိုင်စေရမယ်ဟု Nong-O က ကတိပေးလိုက်ပါသည်။

“ဒီပွဲအတွက် ကျွန်တော် ပြင်းပြင်းထန်ထန်ကို လေ့ကျင့်မှုတွေ လုပ်နေတာပါ။ ဒီလို ပြင်းထန်တဲ့ လေ့ကျင့်မှုတွေကနေ အောင်မြင်ရမယ်ဆိုသော ယုံကြည်မှုတွေ ရရှိလာပါတယ်။ ပြင်းပြသော စိတ်ဓါတ်ရှိနေတဲ့အခါ ဘာပြဿနာ တစ်စုံတစ်ရာမှ မရှိတော့ပါဘူး။ ကျွန်တော် ဒီတစ်ခေါက် အမိထိုင်းနိုင်ငံ ပြန်လာရတာ တကယ်ကို စိ်တ်လက် ကြည်လင်နေတယ်။ အထူးသဖြင့် ဒီခရီးစဉ်ဟာ ကျွန်တော့်အတွက် ကမ္ဘာ့ခါးပတ်ချန်ပီယံ ဖြစ်ဖို့ ရည်မှန်းချက်ပေါ့။ ဒီပွဲကို ထိုင်းလူမျိူးတွေအတွက် အနိုင် ကစားသွားမှာပါ” ဟု Nong-O က ပြောဆိုလိုက်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required