မကွေးတွင် ဆိုင်​ကယ်​ကို​ ဝင်​တိုက်​ပြီး​ မောင်းပြေးရာမှ တစ်ဖက်ယာဉ်ကြောရှိ ကား ၃ စီးကို တိုက်မိ

By သက်နောင် (CJ)
12 February 2019
မကွေးတွင် ဆိုင်​ကယ်​ကို​ ဝင်​တိုက်​ပြီး​ မောင်းပြေးရာမှ တစ်ဖက်ယာဉ်ကြောရှိ ကား ၃ စီးကို တိုက်မိ

ဖေဖော်ဝါရီ ၁၂ ။        ။ မ​ကွေးတိုင်​း​ဒေသကြီး၊ မ​ကွေးမြို့၊ ​တောင်​တွင်းလမ်​းနှင်​့ အဝေရာလမ်​းဆုံ၌ မီးပွိုင်​့မိ​နေသည်​့ဆိုင်​ကယ်​တစ်​စီးအား ကားတစ်စီးမှ ဝင်​တိုက်​၍​မောင်းပြေးသွားရာ တစ်ဖက်ယာဉ်ကြောရှိ ကား ၃ စီးအား ထပ်မံဝင်တိုက်မှု ဖေဖော်ဝါရီလ ၁၀ ရက်ညပိုင်းက ဖြစ်ပွားခဲ့သည်။

"မ​ကွေးမြို့နယ်​ ၊ သန်းတောကုန်းကျေးရွာနေ စိုးမင်​းထွန်း (၃၄) နှစ်​​က တောင်တွင်​းလမ်​းနဲ့အ​ဝေရာလမ်​းဆုံမှာ မီးပွိုင့်မိလို့ ဆိုင်​ကယ်​ကို ရပ်​ထားတာပါ။ အဲဒီမှာ ​ဒေါင်း​နေ​ကျေးရွာအုပ်​စု တဲကြီးကုန်း​ကျေးရွာ​နေထိုင်​သူ အောင်​ပြည်႕စုံ (၂၀)နှစ်​က TOYOTA TOYOACE အဖြူ​ရောင်​​မော်​​တော်ယာဉ်​ကို​ မောင်းနှင်​လာပြီး​ နောက်​က ဝင်​တိုက်​မိခဲ့တာပါ" ဟု မကွေးနယ်​​မြေစခန်​းမှ တာဝန်​ရှိသူတစ်​ဦးက ပြောသည်​။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အဆိုပါမော်တော်ယာဉ်​သည် ​ဆိုင်ကယ်ကို တိုက်မိပြီး သုခိတာလမ်​းသို့ ချိုး​ကွေ့ရာ ယာဉ်ကြောတစ်ဖက်ရှိ မျက်​နှာချင်းဖြစ်သွားသော မော်​​တော်​ယာဉ်​ ၃ စီးအား ဆင့်၍ ထပ်​မံဝင်​​ရောက်​တိုက်​မိခဲ့ခြင်း ဖြစ်သည်။

"ဆိုင်​ကယ်​သမားကို ​နောက်​ကဝင်​တိုက်​ပြီး အဖြူ​ရောင်​​မော်​​တော်​ယာဉ်​က သုခိတာလမ်းထဲကို​​ ဆက်​​မောင်​းသွားခဲ့တယ်​၊အဲဒီမှာ သုခိတာလမ်​းထဲကို ချိုးကွေ့​မောင်​းနှင်​စဉ်​မှာပဲ သုခိတာလမ်​းအတိုင်​း​ မြောက်ဘက်​က​နေ​ တောင်​ဘက်​ကို​ မောင်​းနှင်​လာတဲ့ NISSAN AD ဗင်​တစ်​စီး၊ TOYOTA CROWN တစ်​စီးနဲ့ TOYOTA COROLA ဗင်​ တစ်​စီးတို့ကို တစ်​ဖက်​ယာဉ်​​ကြောကို ဝင်​​ရောက်​တိုက်​မိခဲ့ပါတယ်​"ဟု ၎င်း တာဝန်ရှိသူက ဆိုသည်​။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required