ဟောင်ကောင်မှာ သင်းခွေချပ် အကြေးခွံ တန်ချိန် ရှစ်တန်ကို ဖမ်းဆီးရမိ

ဟောင်ကောင်မှာ သင်းခွေချပ် အကြေးခွံ တန်ချိန် ရှစ်တန်ကို ဖမ်းဆီးရမိ

ဟောင်ကောင်၊ ဖေဖော်ဝါရီ ၁။           ။ ဟောင်ကောင်မှာ တရားမဝင် တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှု ကြီးထွားနေတာကို မီးမောင်းထိုးပြခြင်းအဖြစ် နိုင်ဂျီးရီးယားက ဝင်လာတဲ့ ကွန်တိန်နာတစ်လုံးမှာ သင်းခွေချပ်အကြေးခွံပေါင်း တန်ချိန် ရှစ်တန်ကို ဖမ်းဆီးရမိထားတာကို တာဝန်ရှိသူတွေက သောကြာနေ့မှာ ထုတ်ဖော်ပြသပါတယ်။

ဇန်နဝါရီ ၁၆ ရက်မှာ ပြည်မတာဝန်ရှိသူတွေ ပူးပေါင်းစုံစမ်းထောက်လှမ်းမှုကို အကောက်ခွန်တာဝန်ရှိသူတွေက လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ပူးပေါင်းစုံစမ်းထောက်လှမ်းမှုမှာ သင်းခွေချပ်အကြေးခွံ ၈၃၀၀ ကီလိုဂရမ်နဲ့ ဆင်စွယ် ၂၁၀၀ ကီလိုဂရမ်ကို အေးခဲအမဲသားတွေ တင်ဆောင်တာပါလို့ ပုံမှားရိုက်ထားတဲ့ ကွန်တိန်နာတစ်လုံးထဲ ဖုံးကွယ်သယ်ဆောင်လာတာကို ဖမ်းဆီးရမိတာပါ။

“သင်းခွေချပ်အကြေးခွံတွေ ဖမ်းဆီးရမိတာမှာ ဒီတစ်ခေါက်က စံချိန်တင်ပါပဲ။”လို့ အကောက်ခွန်ဌာနက ထုတ်ပြန်ပါတယ်။

ဟောင်ကောင်မြို့တွင်းက ကုန်သွယ်ရေးကုမ္ပဏီတစ်ခုက အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ကို ဖမ်းဆီးထားကြောင်း ယင်းဌာနက ဆိုပါတယ်။

ဒီ သောကြာနေ့မှာတော့ အကောက်ခွန်ဌာန အရာရှိတွေဟာ ဖမ်းဆီးရမိထားတာတွေကို မီဒီယာကို ချပြပါတယ်။ အိတ်တွေ ဒါဇင်များစွာထဲ ထည့်ထားတဲ့ သင်းခွေချပ်အကြေးခွံတွေနဲ့ ရာပေါင်းများစွာရှိတဲ့ စင်းလုံးချော ဆင်စွယ်တွေကို ပြသခဲ့တာပါ။

သင်းခွေချပ်အကြေးခွံတွေနဲ့ ဆင်စွယ်တွေဟာ ဟောင်ကောင်ဒေါ်လာ ၆၂ သန်း(အမေရိကန်ဒေါ်လာ ရှစ်သန်း) နီးပါး တန်ဖိုးရှိမယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required