အီဂျစ် ဖာရိုဘုရင် တူတန်ခမန်၏ ပိရမစ်ဂူသချင်္ိုင်းတွင်းသို့ လူဦးရေအကန့်အသတ်ဖြင့် ဝင်ရောက်ခွင့်ပြုရန် စီစဉ်

အီဂျစ် ဖာရိုဘုရင် တူတန်ခမန်၏ ပိရမစ်ဂူသချင်္ိုင်းတွင်းသို့ လူဦးရေအကန့်အသတ်ဖြင့် ဝင်ရောက်ခွင့်ပြုရန် စီစဉ်

ဖေဖော်ဝါရီ ၁ ။           ။ အီဂျစ်နိုင်ငံ၊ လူဆွာမြို့၊ ဘုရင်များတောင်ကြားမှာ တည်ရှိတဲ့ အီဂျစ်မင်းဆက် ၁၈ ဆက်မြောက် ဖာရိုဘုရင် တူတန်ခမန် (၁၃၃၂-၁၃၂၃ ဘီစီ)ရဲ့ ပိရမစ်ဂူသချင်္ိုင်းကို ပြုပြင်လျက်ရှိခဲ့ရာ ယခုအချိန်မှာတော့ ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေ လေ့လာကြည့်ရှုနိုင်အောင် ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီလို့ သိရပါတယ်။

အီဂျစ်ယဉ်ကျေးမှုရေးရာဝန်ကြီးနဲ့ အမွေအနှစ်ထိန်းသိမ်းရေးပညာရှင်တွေ စုပေါင်းပြီး ဖာရိုဘုရင် တူတန်ခမန်ရဲ့ ပိရမစ်ဂူသချင်္ိုင်းကို ပြုပြင်ထိန်းသိမ်းရေးတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

"ဒီဂူသချင်္ိုင်းကို စဖွင့်တာက ၁၉၂၂ ခုနှစ်ကဆိုတော့ နှစ်တစ်ထောင်လောက်ရှိနေပြီ။ လာလည်တဲ့ လူတွေလဲ အများကြီးပဲ။ ဒီဂူသချင်္ိုင်းကို ပိတ်ထားတာက နှစ်သုံးထောင်ကျော်လောက်ကဆိုတော့ ဖွင့်လိုက်တဲ့အခါမှာ ပျက်စီးကုန်တာပေါ့။"လို့ ပိရပစ်ဂူသချင်္ိုင်းထိန်းသိမ်းရေးစီမံကိန်းအဖွဲ့ခေါင်းဆောင် နီဗီးလ်အက်နျူးက ပြောပါတယ်။

"ကျွန်မက ဂူသချင်္ိုင်းထဲက နံရံဆေးရေးပန်းချီတွေကို လေ့လာရတာ။ သူတို့ဘယ်လိုလုပ်ထားလဲ၊ သူတို့ဘယ်လိုတွေဖြစ်ခဲ့လဲဆိုတာ လေ့လာဖို့ပါ။ ဒီဂူသချင်္ိုင်းကို ရေရှည်ထိန်းသိမ်းသွားနိုင်ဖို့အတွက် ဒီစီမံကိန်းကို လုပ်ဖြစ်ခဲ့တာပါ။"လို့ အဖွဲ့ဝင် လော်ရင်ဒါဝေါင်းက ပြောပါတယ်။

“ပိရမစ်ဂူသချင်္ိုင်းထဲ ဝင်တဲ့လူအရေအတွက်ကို ကန့်သတ်ရမယ်။ ဒီထဲကို လူအများကြီးဝင်ခွင့်ပေးလိုက်ရင် ဒီဂူသချင်္ိုင်းက နှစ်ပေါင်း ၅၀၀ ကျော်တဲ့အထိ ခံတော့မှာမဟုတ်ဘူး။ အကုန်ပျက်စီးကုန်မှာပဲ။”လို့ အီဂျစ်ယဉ်ကျေးမှုရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ရှေးဟောင်းသုတေသနပညာရှင် ဇာဟီ ဟာဝက်စ်ကပြောပါတယ်။  

“ရေရှည်ကိုကြည့်ရမယ်။ အခုချိန်ကစပြီး နောက် နှစ် ၅၀၀၊ ၆၀၀၊ ၁၀၀၀ အထိ တည်မြဲနေစေဖို့ ထိန်းသိမ်းထားရမယ်။ မထိန်းသိမ်းဘဲ ဒီတိုင်းထားရင်တော့ ဘုရင်များတောင်ကြားက ဂူသချင်္ိုင်းတွေ အကုန်ပျက်စီးသွားမှာပဲ။ အရေးအကြီးဆုံး ဂူသချင်္ိုင်းတွေဖြစ်တဲ့ ဖာရိုဘုရင် တူတန်ခမန်၊ အီဂျစ်ဘုရင်မ နီဖာတာရီနဲ့ ဖာရိုဘုရင် စေးတီးရဲ့ ဂူသချင်္ိုင်းသုံးခုကို ထိန်းသိမ်းရမယ်။ အရေးအကြီးဆုံးကတော့ ဘုရင် တူတန်ခမန်ပေါ့။”လို့ ဇာဟီ ဟာဝက်စ်က ဆက်ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required