ဝန်ကြီးချုပ် ထရီဆာမေအစိုးရကို အယုံအကြည်မရှိ အဆို လွှတ်တော်မှာ ရှုံးနိမ့်

ဝန်ကြီးချုပ် ထရီဆာမေအစိုးရကို အယုံအကြည်မရှိ အဆို လွှတ်တော်မှာ ရှုံးနိမ့်

လန်ဒန်၊ ဇန်နဝါရီ ၁၇ ။          ။ ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေအနေနဲ့ အယုံအကြည်မရှိအဆို လွှတ်တော်မှာ အတင်ခံရပေမယ့် ဗုဒ္ဓဟူးနေ့က မဲပေးဆုံးဖြတ်ရာမှာ အဆို ရှုံးနိမ့်ခဲ့ပါတယ်။

အီးယူကနေ ဗြိတိန်နုတ်ထွက်ရေး ဘရစ်ဇစ် သဘောတူညီမူကြမ်းကို လွှတ်တော်မှာ အပြတ်အသတ် ရှုံးနိမ့်ပြီးနောက်မှာ ထရီဆာမေအစိုးရကို အယုံအကြည်မရှိအဆို အတင်ခံရတာပဲ ဖြစ်ပါတယ်။

အီးယူနဲ့ ထရီဆာမေတို့ သဘောတူထားတဲ့ ဘရစ်ဇစ််မူကြမ်းကို လွှတ်တော်မှာ ကန့်ကွက်မဲ ၄၃၂ မဲ၊ ထောက်ခံမဲ ၂၀၂ မဲနဲ့ ပယ်ချလိုက်တာဟာ ဗြိတိန်ခေတ်သစ် နိုင်ငံရေးသမိုင်းမှာ အကြီးမားဆုံး အစိုးရရဲ့ အရေးနိမ့်မှုပဲ ဖြစ်ပါတော့တယ်။

မတ်လ ၂၉ ရက်မှာ အီးယူကနေ ဗြိတိန်နုတ်ထွက်မှု တရားဝင်ရတော့မှာ ဖြစ်ပေမယ့် ဗြိတိန်လွှတ်တော်မှာက သဘောတူမူကြမ်းကိုတောာင် အတည်မပြုနိုင်သေးပဲ ရှိနေတာပါ။

ဒီလို ဘရစ်ဇစ်မူကြမ်း လွှတ်တော်မှာ အရေးနိမ့်ပြီးနောက်မှာ လေဘာပါတီက ထရီဆာမေကို အယုံအကြည်မရှိ အဆိုတင်တာကြောင့် မဲခွဲကြရာမှာ အဆိုကို ပယ်ချမဲ ၃၂၅ မဲနဲ့ ထောက်ခံမဲ ၃၀၆ မဲ ရှိတာကြောင့် မဲအသာ ၁၉ မဲနဲ့ အဆို ရှုံးနိမ့်ခဲ့တာပဲ ဖြစ်ပါတယ်။

အယုံအကြည်မရှိ အဆို ခုလို အရေးနိမ့်သွားပြီးနောက်မှာ ထရီဆာမေက ဒေါင်းနင်းလမ်း အိမ်နံပါတ် ၁၀ ရှေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ဘရစ်ဇစ်အရေး ရှေ့ဆက်လို့ရအောင် လွှတ်တော်အမတ်များအနေနနဲ့ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required