ကိုစတာရီကာတွင် အပြည်ပြည်ဆိုင်ရာ ကြောင်ပြပွဲကျင်းပ

ကိုစတာရီကာတွင် အပြည်ပြည်ဆိုင်ရာ ကြောင်ပြပွဲကျင်းပ

ဇန်နဝါရီ ၁၄ ။          ။ ယမန်နေ့ (ဇန်နဝါရီလ၊ ၁၃ ရက်)က ကိုစတာရီကာနိုင်ငံ၊ San José မြို့မှာ အပြည်ပြည်ဆိုင်ရာ ကြောင်ပြပွဲကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။

အဆိုပါအပြည်ပြည်ဆိုင်ရာ ကြောင်ပြပွဲမှာ မက္ကဆီကို၊ ကိုလံဘီယာ၊ ဘရာဇီးလ်၊ အမေရိကန်နဲ့ အခြားနိုင်ငံက ကြောင်ပိုင်ရှင်တွေဟာ ၎င်းတို့ရဲ့ကြောင်တွေကို ယူဆောင်လာပြီး ပြသခဲ့ကြတာဖြစ်ပါတယ်။

ဒါက အပြည်ပြည်ဆိုင်ရာပြပွဲဆိုတော့ ဘရာဇီးလ်၊ ဂျာမနီနဲ့ အမေရိကန်က ဒိုင်လူကြီးသုံးယောက်ပါတယ်။ ကိုစတာရီကာက ကြောင် ၆၀ ကောင်လောက်ပါမယ်။ တခြားနိုင်ငံကကြောင်တွေလည်းပါတယ်။လို့ ကိုစတာရီကာလူမျိုး၊ ကြောင်ပိုင်ရှင် အက်တူရာဒို လိုပက်ဇ်ကပြောပါတယ်။

အဆိုပါကြောင်ပြပွဲမှာ ကြောင်ပိုင်ရှင်တွေ၊ ကြောင်လေးတွေ၊ လာရောက်ကြည့်ရှုလေ့လာကြတဲ့ ကြောင်ချစ်သူတွေနဲ့ စည်ကားခဲ့တယ်လို့ သိရပါတယ်။

ဒါအပြင် ပြပွဲမှာ လာရောက်ယှဉ်ပြိုင်တဲ့ ကြောင်လေးတွေထဲက အလှဆုံးကြောင်တစ်ကောင်ကိုလည်း ဆုချီးမြှင့်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required