အေသင်မြို့လယ်ရှိ ဘုရားကျောင်းတွင် အသေးစားဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွား၊ ၂ ဦးဒဏ်ရာရ

အေသင်မြို့လယ်ရှိ ဘုရားကျောင်းတွင် အသေးစားဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွား၊ ၂ ဦးဒဏ်ရာရ

ဒီဇင်ဘာ ၂၇ ။         ။ ယနေ့မနက်ပိုင်းမှာ ဂရိနိုင်ငံ၊ အေသင်မြို့လယ်ရှိ ဘုရားကျောင်းမှာ အသေးစားဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ ဘုရားကျောင်းစောင့်တစ်ဦးနဲ့ ရဲအရာရှိတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ယနေ့မနက် ၇ နာရီဝန်းကျင်မှာ အဆိုပါဘုရားကျောင်းစောင့်ဟာ ဘုရားကျောင်းအပေါက်ဝနားမှာ အထုတ်တစ်ထုတ်ကို တွေ့ရှိခဲ့ရာမှ ရဲအရာရှိကို အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

ရဲအရာရှိရောက်လာပြီး များမကြာမီ ၇ နာရီ ၁၀ မိနစ်မှာပဲ ယခုလို ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး နှစ်ယောက်လုံး ဒဏ်ရာရခဲ့ကြတာဖြစ်ပါတယ်။

ကျောင်းစောင့်နဲ့ ရဲအရာရှိကို ဆေးရုံတင်ထားကြောင်း သိရှိရပြီး နှစ်ယောက်လုံးရဲ့ ဒဏ်ရာမပြင်းထန်ဘူးလို့ သိရပါတယ်။

ဗုံးပေါက်ကွဲမှုဖြစ်စေတဲ့ တရားခံကို လိုက်လံရှာဖွေလျက်ရှိပြီး အသက်အန္တရာယ်ကို စိုးရိမ်ရစေတဲ့ ဘယ်ပြစ်မှုကိုမဆို တရားစီရင်မှာဖြစ်ကြောင်း ဂရိအာဏာပိုင်တွေက ပြောခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly