မြန်မာငွေကြေး ဖောင်းပွမှု မြင့်တက်လာနိုင်ဖွယ်ရှိဟု ကမ္ဘာ့ဘဏ် ထုတ်ပြန်

မြန်မာငွေကြေး ဖောင်းပွမှု မြင့်တက်လာနိုင်ဖွယ်ရှိဟု ကမ္ဘာ့ဘဏ် ထုတ်ပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ။             ။ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၁၇ - ၂၀၁၈ ခုနှစ်တွင် ၅.၅ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ၈.၈ ရာခိုင်နှုန်းထိ မြင့်တက်လာနိုင်ဖွယ်ရှိသည်ဟု ဒီဇင်ဘာ ၁၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

 နိုင်ငံအတွင်း လတ်တလော current account လိုငွေမှာ ၂၀၁၆ - ၂၀၁၇ ခုနှစ်က ဂျီဒီပီ၏ ၅.၅ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံ) ရှိခဲ့ရာမှ ၂၀၁၇ - ၂၀၁၈ ခုနှစ်တွင် ဂျီဒီပီ၏ ၂.၆ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံ) သို့ လျော့ကျသွားခဲ့သည်ဟု အဆိုပါ အစီရင်ခံစာ၏ ဖော်ပြချက်အရ သိရပြီး ယင်းလိုငွေအား ဖြည့်သွင်းနိုင်ရန် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဆက်တိုက်မှီခိုလာနေရသည်ဟု ဆိုသည်။

ထိုသို့ မှီခိုနေရသည့်အပြင် ထိရှလွယ်သော နိုင်ငံခြားငွေလဲစျေးကွက်ရှိနေခြင်းကြောင့်လည်း နိုင်ငံအတွင်း အခြေအနေများက ကျပ်ငွေတန်ဖိုး ကျဆင်းခြင်းကို ပိုမိုဆိုးရွားစေရန် တွန်းပို့ခဲ့သည်ဟု အစီရင်ခံစာက ဖော်ပြသည်။

 အစီရင်ခံစာအရ "၂၀၁၈ ခုနှစ်အတွင်း ဧပြီလမှ အောက်တိုဘာလအထိ ၆ လတာအတွင်း မြန်မာကျပ်ငွေ တန်ဖိုးသည် အမေရိကန်ဒေါ်လာငွေနှင့် လဲလှယ်နှုန်း ၁၈ ရာခိုင်နှုန်းထိ ကျဆင်းလာနေခဲ့သည်" ဟု သိရသည်။

အဆိုပါအခြေနေများတွင် ငွေလဲနှုန်း တိုးတက်သွားခြင်းနှင့် စားသောက်ကုန်စျေးနှုန်းများ မြင့်တက်လာခြင်း တို့နှင့်အတူ ငွေကြေးဖောင်းပွမှုနှုန်းမှာလည်း မြင့်မားလာဖွယ်ရှိသည်ဟု ကမ္ဘာ့ဘဏ်အစီရင်ခံစာက ထောက်ပြခဲ့ခြင်း ဖြစ်သည်။

၂၀၁၈ ခုနှစ် မေလက ထုတ်ပြန်ခဲ့သည့် မြန်မာ့စီးပွားရေး လေ့လာမှု အစီရင်ခံစာနောက်ပိုင်း မက်ခရိုစီးပွားရေး ထိရှလွယ်မှု မြင့်တက်လာခဲ့ပြီး ငွေဖောင်းပွနှုန်း ဆက်တိုက်မြင့်မားလာခဲ့ရာတွင် ၂၀၁၈ ခုနှစ် သြဂုတ်လတွင် ငွေဖောင်းပွမှုနှုန်း အမြင့်မားဆုံး ဖြစ်ခဲ့သည်ဟု ဒီဇင်ဘာ ၁၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly