ဧရာဝတီတိုင်းတွင် ဆိုင်ကယ်ကယ်ရီများ စနစ်တကျပြေးဆွဲနိုင်ရေး ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့သွားမည်

By စည်သူမောင်မောင်မောင်
12 December 2018
ဧရာဝတီတိုင်းတွင် ဆိုင်ကယ်ကယ်ရီများ စနစ်တကျပြေးဆွဲနိုင်ရေး ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့သွားမည်

ပုသိမ်၊ ဒီဇင်ဘာ ၁၂ ။              ။ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဆိုင်ကယ်ကယ်ရီပြေးဆွဲနေခြင်းများအား စနစ်တကျ ပြေးဆွဲ နိုင်ရေး ကြီးကြပ်ရေးအဖွဲ ့များ ဖွဲ ့စည်းဆောင်ရွက်သွားမည်ဟု တိုင်းဒေသကြီးအစိုးရအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောသည်။

“တိုင်းအစိုးရအဖွဲ႔အစည်းအဝေးမှာ အားလုံး တစ်ညီတညွတ်တည်း ဆုံးဖြတ်တာ၊ ဆိုင်ကယ်ကယ်ရီတွေ ပြေးဆွဲနေခြင်းကို အုပ်ချုပ်ရေးအဖွဲ ့များစနစ်တကျ ကြီးကြပ်ဖို ့လိုအပ်တယ်လို့ ဆုံးဖြတ်တယ်”ဟု စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ဆိုင်ကယ်ကယ်ရီ ပြေးဆွဲနေခြင်းနှင့်ပတ်သက်ပြီး ဒီဇင်ဘာလ ၁၁ ရက်က ပြုလုပ်ခဲ့သော တိုင်းအစိုးရအစည်းအဝေးဆုံးဖြတ်ချက်အား မဇ္စျိမသို့ ပြောသည်။

“ ဆိုင်ကယ် ကယ်ရီဂိတ်ကအစ မြို့နယ်စီမံခန်႔ခွဲမှုကော်မတီတွေ ဆုံးဖြတ်ချက်နဲ့ နေရာခွဲခြား သတ်မှတ်ပေးဖို့ လည်း ဆုံးဖြတ်တယ်၊ ဆိုင်ကယ်တွေကို ထိန်းကြောင်းဖို ့ကြီးကြပ်မှုအဖွဲ ့ဖွဲ ့မယ်၊အဲဒီအဖွဲ့ကို ဘယ်လို စည်းကမ်းတွေနဲ႔သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ႔ထိန်းကျောင်းသွားမလဲဆိုတဲ့ စီမံချက်ပါ လိုအပ်လာတယ်။ မနေ့က အစည်းအဝေးမှာ ခရိုင်အုပ်ချုပ်ရေးမှုူးများကို စီမံချက်ရေးဆွဲပြီး ပြန်လည်တင်ပြရန် ညွန်ကြားထားပါ တယ်” ဟု စည်ပင်သာယာရေးဝန်ကြီးက ပြောသည်။

လက်ရှိအချိန်တွင် ဆိုင်ကယ်ကယ်ရီများ ပြေးဆွဲနေမှုအပေါ် ရန်ကုန်နှင့်မန္တလေးတို့တွင် ကြီးကြပ်ရန် ဆောင်ရွက်နေပြီး ဧရာဝတီတိုင်းတွင်လည်း ကြီးကြပ်ရန် ဆောင်ရွက်နေခြင်း ဖြစ်သည်။

“ ကျွန်တော်တို့ တိုင်းမှာရော တစ်နိုင်ငံလုံးမှာပါ ဆိုင်ကယ်တွေက အများပြည်သူကို ခရီးသွားလာဖို့အတွက် ကယ်ရီတွေ ပြေးဆွဲနေတယ်၊ ဥပဒေအရ ဆိုင်ကယ်တွေက ခရီးသွားလာရေးအတွက် ခရီးသည်ကို တင်ပြီး ပြေးဆွဲခွင့် မရှိဘူး။ တစ်နိုင်ငံလုံးမှာ ဆိုင်ကယ်ကယ်ရီတွေက သယ်ဆောင်ခ ရယူပြီးတော့ ပြေးဆွဲနေကြတယ်၊ ပြေးဆွဲနေကြတာကို စည်းကမ်းဥပဒေနဲ ့မညီတဲ့အတွက် ထိန်းကျောင်းကြပ်မတ်လို့မရဘူးလို့ လက်ပိုက်ကြည့် နေလို့ မသင့်တော့ဘူး။ ဒါကြောင့်မို ့ရန်ကုန်တို့၊မန္တလေးတို ့မှာ ဆိုင်ကယ်တွေက ခရီးသည်တွေ တင်ပြီး ပြေးဆွဲနေတဲ့ကိစ္စတွေကို ကြီးကြပ်ဖို ့ထိန်းချုပ်ဖို့ လုပ်နေကြတယ်၊ကျွန်တော်တို ့တိုင်းမှာလည်း ကြီးကြပ်ဖို့ ခရိုင်တွေကို တင်ပြခိုင်းလိုက်တယ် ”ဟု စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောသည်။

အဆိုပါ ကြီးကြပ်ရေးအဖွဲ႔များ ဖွဲ႔စည်းဆောင်ရွက်သွားမည်ဟု တိုင်းဒေသကြီးအစိုးရ၏ ဆုံးဖြတ်ချက်အပေါ် ဆိုင်ကယ်ကယ်ရီ ပြေးဆွဲသူအချို့က ဖွဲ့စည်းသင့်ကြောင်း ပြောဆိုခဲ့ကြသည်။

“မ.ယ.က တို႔ ယာဉ်ထိန်းတို႔အရင်တုန်းက အစည်းအဝေးတွေခေါ်၊ မှတ်တမ်းမှတ်ရာတွေယူ၊ စည်းကမ်းတကျနဲ့ ပြေးဆွဲပေးဖို ့နေရာတွေသတ်မှတ်၊ မ.ယ.ကတွေနဲ ့ယာဉ်ထိန်းတွေ လာကြတယ်။ နေရာအခက်အခဲ ဘယ်လို ရှိလဲ။ အားလုံးအဆင်ပြေအောင်၊ ချော့မွေ့အောင်လုပ်ပေးမယ်ဆိုပြီး အဲဒီအစီအစဉ်တွေ ပထမပိုင်းတော့ ဟုတ်သလိုနဲ ့နောက်ပိုင်းကြ ပျက်သွားရော။ အခု ထပ်ပြီးတော့ တိုင်းဒေသကြီးအဖွဲ ့က လုပ်ပေးမယ်ဆို ကိုယ်တို ့ဝမ်းသာတယ်”ဟု ပုသိမ်၊ မင်းကြီးလမ်းတွင် ဆိုင်ကယ်ကယ်ရီပြေးဆွဲနေသူ ဦးကြည်ဝင်းက ပြောသည်။

“ ကောင်းကျိုးက အများဆုံးရှိတာပေါ့။ ဂိတ်ဆိုတာ အသင်းအဖွဲ႔အစည်းနဲ့ဆွဲတယ်ဆိုတော့ တစ်ခုခုဖြစ်ရင် ဂိတ်က သိရမယ်။ စည်းကမ်းစနစ်တကျလေးလည်း ဖြစ်သွားမယ်၊အဖွဲ႔လေးရှိတော့ ကောင်းကျိုးတွေက ရှိလာမှာပါ၊ဖွဲ့စည်းသင့်ပါတယ်” ဟု ဆိုင်ကယ်ကယ်ရီပြေးဆွဲသူ ဦးခင်မောင်လွင်က ပြောသည်။

လက်ရှိတွင် ဆိုင်ကယ်ကယ်ရီများကို ဆိုင်ကယ်လိုင်စင်ရယူပြီး လုပ်ငန်းဆောင်ရွက်သူများကို ကြီးကြပ်သွားရန် အကြမ်းဖျဉ်း ဆုံးဖြတ်ထားကြောင်း သိရသည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required