ပုရစ်၊ လောက် တို့နဲ့ ဖန်တီးပြုလုပ်ထားတဲ့ ဟင်းပွဲတွေ ပါဝင်တဲ့ ဖင်လန်နိုင်ငံက ထူးခြားတဲ့ အစားအသောက် ပြပွဲ

ပုရစ်၊ လောက် တို့နဲ့ ဖန်တီးပြုလုပ်ထားတဲ့ ဟင်းပွဲတွေ ပါဝင်တဲ့ ဖင်လန်နိုင်ငံက ထူးခြားတဲ့ အစားအသောက် ပြပွဲ

ဒီဇင်ဘာ ၂ ။           ။ အင်းဆက် အမျိုးပေါင်းစုံနဲ့ ဖန်တီးပြုလုပ်ထားတဲ့ အစားအသောက် ထုတ်ကုန်တွေချည်းပဲ သီးသန့်ပြသရောင်းချပေးတဲ့ ထူးခြားတဲ့  အင်းဆက် စားသောက်ဖွယ်ရာများ ပွဲတော်တစ်ခုကိုတော့ ဖင်လန်နိုင်ငံ ဟယ်လ်ဆင်ကီး မြို့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

နိုင်ငံမှာ ပထမဆုံးအကြိမ်ကျင်းပတဲ့ အဆိုပါ ပြပွဲမှာ လာရောက်ကြည့်ရှုအားပေးသူ ပရိသတ်တွေအနေနဲ့ကတော့ လောက်တွေနဲ့ ဖန်တီးထားတဲ့ စားသောက်ဖွယ်ရာ နမူနာတွေ၊ ပုရစ်တွေနဲ့ လုပ်ထားတဲ့ စားဖွယ်ရာတွေ၊ အခြား အင်းဆက် ပေါင်းစုံံနဲ့ လုပ်ထားတဲ့ စားသောက်ဖွယ်တွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။

ယင်းနိုင်ငံမှာ ယမန်နှစ် ၂၀၁၇ က စလို့ လူတွေ စားလို့ရတဲ့ အင်းဆက်တွေကို တရားဝင် ဥပဒေနဲ့အညီ စတင်ရောင်းချပြီးနောက်ပိုင်းမှာ ခုလိုမျိုး အင်းဆက် အခြေခံ စားသောက်ဖွယ်ရာတွေ ထုတ်လုပ်မှု လုပ်ငန်းဟာ မြန်မြန်ဆန်ဆန် တွင်ကျယ်လာတာဖြစ်ပါတယ်။

အဆိုပါ ထုတ်ကုန် စားသောက်ဖွယ်ရာတွေထဲမှာတော့ အင်းဆက်နဲ့ပဲ အဓိက လုပ်ထားတဲ့ မုန့်တွေ၊ ပေါင်မုန့်တွေနဲ့ အခြား စားဖွယ်ရာတွေ ပါဝင်ပြီး ယင်းတို့ကို ယခုအခါ  စားသုံးသူတွေထံ ရောင်းချပေးနေပြီ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required