သူများအနိုင်ကျင့်တာခံခဲ့ရလို့ ကမ္ဘာ့ အသန်မာဆုံးသော လူသန်ကြီး ဖြစ်လာအောင် ကြိုးစားခဲ့သူ

သူများအနိုင်ကျင့်တာခံခဲ့ရလို့ ကမ္ဘာ့ အသန်မာဆုံးသော လူသန်ကြီး ဖြစ်လာအောင် ကြိုးစားခဲ့သူ

နိုဝင်ဘာ ၂၆ ။             ။ ဘာကီနာ ဖာဆိုနိုင်ငံက Iron Biby လို့ သိကြတဲ့ ချက်ခ် အာမက်ဒ် အယ်လ် ဟန်ဆန် ဆာနို အမည်ရ လူငယ်ကတော့ လက်ရှိမှာ ကမ္ဘာပေါ်က အသန်မာဆုံးသော လူသန်ကြီးတွေအနက်က တစ်ဦးဖြစ်ပါတယ်။

အသက် ၂၆ နှစ်ရှိ ဘာကီနာဖာဆို လူငယ် Iron Biby ကတော့ တစ်ချိန်တုန်းက ၎င်းရဲ့ ဝဖြိုးတဲ့ ခန္ဓာကိုယ်ကြောင့် သူများ လှောင်ပြောင်တာခံခဲ့ရပြီး တစ်ချိန်တုန်းက ကလေးတွေကတောင် သူ့ကို အနိုင်ကျင့်ခဲ့ကြတယ်လို့ သိရပါတယ်။

ယခုအခါမှာတော့ သူ့ဇာတိ ဘာကီနာ ဖာဆိုက လမ်းမတွေပေါ် သူပြန်ရောက်သွားချိန်မှာတော့ ကလေးတွေဟာ သူ့ဆီ ပြေးလာပြီး သူ့ရဲ့ သန်မာလှတဲ့ ကြွက်သားတွေကို ဟီးလေးခို စီးကြတာကို တွေ့ရမှာဖြစ်ပါတယ်။

"အရင်ကတော့ ကျွန်တော့်သူငယ်ချင်းတွေ၊ အကိုတွေနဲ့ ယှဉ်ရင် ကျွန်တော်က လူဝကြီးတစ်ယောက် ဖြစ်နေခဲ့ပါတယ်၊ အဲဒီတုန်းက ယုံကြည်ချက်လည်း မဲ့နေခဲ့ပါတယ်၊ တစ်ခုခု လုပ်ဖို့ ဆုံးဖြတ်ဖို့တောင် ကြောက်နေခဲ့ပါတယ်" ဆိုပြီး အယ်လ် ဟန်ဆန် ဆာနိုက ပြောပါတယ်။

ယခုအခါမှာတော့ ခန္ဓာကိုယ် အလေးချိန် ပေါင် ၄၀၀ ၊ အရပ်အမြင့် ခြောက်ပေ နှစ်လက်မရှိတဲ့ ဆာနိုကတော့ ယနေ့မှာ ကမ္ဘာပေါ်က အသန်မာဆုံး လူသန်ကြီးတစ်ဦး ဖြစ်နေပါပြီ။

သူ့ကို ဘာကီနာ ဖာဆိုမှာ ၁၉၉၂ ခုနှစ်က မွေးစဉ်က ပေါင်ချိန် ၁၁ ပေါင်ကျော်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။

ကလေးဘဝတုန်းက သူ့အနေနဲ့ အားကစားတစ်ခုခု လုပ်ဖို့ ကြိုးစားခဲ့ပေမယ့် သူ့ရဲ့ ခန္ဓာကိုယ် အချိုးအစားကြောင့် မလုပ်ဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။

ယင်းနောက် ၂၀၀၉ ခုနှစ် သူအသက် ၁၇ နှစ်အရွယ်မှာပဲ ၀ိတ် စ မပြီး  ကနေဒါကို ပြောင်းရွှေ့ခဲ့တယ်လို့ သိရပါတယ်။

" အဲဒီမှာ လူတွေက ကျွန်တော့်ကို လှောင်ခဲ့ပါသေးတယ်၊ ဘာပဲဖြစ်ဖြစ် ကျွန်တော့် ကိုယ်ခန္ဓာကိုယ် ကို ပြောင်းလဲချင်ခဲ့ပါတယ်၊ ဒါကြောင့် ခပ်ဖြည်းဖြည်း လေ့ကျင့်ခဲ့ပါတယ်" လို့ ၎င်းက ပြောပါတယ်။

ယင်းနောက် ခန္ဓာကိုယ် အဆီတွေကို ကြွက်သားတွေ ဖြစ်အောင် ပြောင်းပစ်နိုင်ခဲ့ပြီး ၎င်းဟာ လျင်လျင်မြန်မြန်ပဲ လူသန်ကြီးတစ်ဦးဖြစ်လာခဲ့ပါတယ်။

ယခုအခါမှာတော့ ကမ္ဘာ့ လူသန်ကြီးများ ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သူတစ်ယောက်ဖြစ်နေပြီ ဖြစ်ပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required