၂၀၁၅ ခုနှစ်အတွင်း မြန်မာအသင်း နိုင်ပွဲမရှိ မှတ်တမ်းဆိုး ရရှိနေ

၂၀၁၅ ခုနှစ်အတွင်း မြန်မာအသင်း နိုင်ပွဲမရှိ မှတ်တမ်းဆိုး ရရှိနေ
မြန်မာ့လက်ရွေးစင်အသင်း။ ဓာတ်ပုံ-ရွှေဘုတ်

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းမှာ ၂၀၁၅ ခုနှစ်အတွင်း ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်များနှင့် နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားထားရာတွင် နိုင်ပွဲမရရှိသေးသည့် မှတ်တမ်းဆိုး ရရှိနေသည်။
မြန်မာအသင်းမှာ ၂၀၁၄ ဆူဇူကီးဖလား ပြိုင်ပွဲအပြီးတွင် အသင်းကို ပြင်ဆင်ဖွဲ့စည်းမှုများ ပြုလုပ်ခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဝင်ရောက် ယှဉ်ပြိုင်နေသည်။

၂၀၁၅ ခုနှစ်အတွင်းတွင် မြန်မာအသင်းမှာ နိုင်ငံတကာခြေစမ်းပွဲ လေးပွဲ၊ ကမ္ဘာ့ဖလားခြေစစ်ပွဲ သုံးပွဲ ကစားခဲ့ရာတွင် နှစ်ပွဲသ ရေ၊ ငါးပွဲရှုံးရလဒ် ရရှိထားသည်။ နိုင်ငံတကာ ခြေစမ်းပွဲစဉ်များတွင် အင်ဒိုနီးရှားအသင်းကို ၂-၁ ဂိုး၊ ကမ္ဘောဒီးယားအသင်းကို ၁-၀ ဂိုး၊ ယူအေအီးကို ၁-၀ ဂိုးများဖြင့် ရှုံးထားပြီး နယူးဇီလန်အသင်းနှင့် တစ်ဂိုးစီ သရေကျထားသည်။

ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် တောင်ကိုရီးယားအသင်းကို ၂-၀ ဂိုး၊ ကူဝိတ် အသင်းကို ၉-၀ ဂိုးများဖြင့် ရှုံးနိမ့်ထားပြီး လာအိုအသင်းနှင့် နှစ်ဂိုးစီ သရေကျထားသည်။ ထို့အပြင် မြန်မာအသင်းသည် ကူဝိတ်ကို ၉-၀ ဂိုးဖြင့် ရှုံးခဲ့သောပွဲမှာလည်း သမိုင်းတစ် လျှောက် အဆိုးရွားဆုံး ရှုံးပွဲအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ မြန်မာ့လက်ရွေးစင်အသင်းမှာ ၂၀၁၅ ခုနှစ် အတွင်း ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင်လည်း အဆင့် ၁၆၂ နှင့် ၁၆၄ များတွင်သာ ရပ်တည်နိုင်ခဲ့ ကာ အာဆီယံတွင် အဆင့် ၃ မှ အဆင့် ၅ အထိ ဆင်းပေးခဲ့ရသည်။

၂၀၁၅ ခုနှစ်အတွင်း မြန်မာအသင်းကစားခဲ့သော နိုင်ငံတကာပွဲရလဒ်များ

အင်ဒိုနီးရှား ၁ - ဝ မြန်မာ (ခြေစမ်းပွဲ)
ကမ္ဘောဒီးယား ၁ - ဝ မြန်မာ (ခြေစမ်းပွဲ)
လာအို ၂ - ၂ မြန်မာ (ခြေစမ်းပွဲ)
မြန်မာ ၀ - ၂ တောင်ကိုရီးယား (ခြေစမ်းပွဲ)
ယူအေအီး ၁ - ဝ မြန်မာ (ခြေစမ်းပွဲ)
ကူဝိတ် ၉ - ဝ မြန်မာ (ခြေစမ်းပွဲ)
မြန်မာ ၁ - ၁ နယူးဇီလန် (ခြေစမ်းပွဲ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required