ဘရာဇီးကွင်းလယ်လူ ဝီလျံကို ပေါင်သန်း ၆၀ ဖြင့်ကမ်းလှမ်းရန် မန်ယူပြင်ဆင်နေ

ဘရာဇီးကွင်းလယ်လူ ဝီလျံကို ပေါင်သန်း ၆၀ ဖြင့်ကမ်းလှမ်းရန် မန်ယူပြင်ဆင်နေ

 

ဇွန် ၁၈၊ မန်ချက်စတာ။           ။ မန်ယူနိုက်တက်အသင်းသည် လက်ရှိနွေတွင် ဘရာဇီးနှင့် ချယ်လ်ဆီးကွင်းလယ်လူ ဝီလျံကို ပေါင်သန်း ၆၀ ဖြင့်ကမ်းလှမ်းရန် ပြင်ဆင်နေသည်။

ယူနိုက်တက်နည်းပြ မော်ရင်ဟိုသည် အသက် ၂၉ နှစ်ရှိ ဘရာဇီးတောင်ပံကစားသမားနှင့် ပြန်လည်လက်တွဲလိုနေပြီး ယင်းကစားသမားသည် လွန်ခဲ့သည့် ငါးနှစ်က ရှက်တာဒိုးနက်မှ ချယ်လ်ဆီးသို့ မော်ရင်ဟို ခေါ်ယူခဲ့သူဖြစ်သည်။

ဆွစ်ဇာလန်နှင့်သရေကျသည့်ပွဲတွင် ပါဝင်ကစားခဲ့သည့် ဘရာဇီးကစားသမား ဝီလျံသည် ပြီးခဲ့သည့်ရာသီက ချယ်လ်ဆီးအတွက် ပရီးမီးယားလိဂ်ပွဲ ၂၀ သာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ထားသည်။

မေလတွင် ချယ်လ်ဆီး တစ်လတာ အကောင်းကစားသမားဆုရခဲ့သော်လည်း အရန်ခုံတွင်ထိုင်ရခြင်းမှာ ၎င်းအတွက် ခက်ခဲသည်ဟု ဝန်ခံပြောဆိုထားသည်။

မော်ရင်ဟိုသည် ဝီလျံကို ကာလရှည်စိတ်ဝင်စားခဲ့ပြီး ဇန်နဝါရီတွင် ယူနိုက်တက်က စုံစမ်းမှုများပြုလုပ်ခဲ့ကာ ချယ်လ်ဆီး အသင်းက ရောင်းချရန် ငြင်းဆန်ခဲ့သည်။

မော်ရင်ဟိုက ၎င်း၏ကစားသမားဟောင်းအနေဖြင့် ပြီးခဲ့သည့်ရာသီထိပ်သီးလေးသင်းအနက် သွင်းဂိုးအနည်းဆုံးဖြစ်ခဲ့သည့် ယူနိုက်တက်တိုက်စစ်ကို မြှင့်တင်နိုင်မည့်သူဟု မျှော်လင့်နေသည်။

ဝီလျံသည် ချယ်လ်ဆီးအသင်းနှင့် စာချုပ်သက်တမ်း နှစ်နှစ်ကျန်ရှိနေသေးသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required