ပလတ်စတစ်ပင်လယ်ပြင်ဖြစ်နေတဲ့ အိန္ဒိယ ဆင်းရဲသား ရပ်ကွက်

ပလတ်စတစ်ပင်လယ်ပြင်ဖြစ်နေတဲ့ အိန္ဒိယ ဆင်းရဲသား ရပ်ကွက်

 

နယူးဒေလီ၊ ဇွန် ၄ ။          ။ နယူးဒေလီရဲ့ ဆင်းရဲသားရပ်ကွက် တီမာနာဂါဟာ ပလတ်စတစ်ပင်လယ်ပြင်ဖြစ်နေတဲ့ ရပ်ကွက်ပဲဖြစ်ပြီး အိန္ဒိယမြို့တော်ကို ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့တွေထဲ မြို့ကြီးတစ်မြို့အဖြစ် ပါ၀င်စေတဲ့  အညစ်အကြေးနဲ့ စွန့်ပစ်အမှိုက်တွေရဲ့ သင်္ကေတလည်း ဖြစ်နေတာပါ။

တဲကုပ်တဲပုတ်တွေရဲ့ အဆုံး ရေမြောင်းတစ်မြောင်းတွင်း ပလတ်စတစ်ဘူးတွေ၊ အိတ်တေတွ၊ အစားအစာထုပ်ပိုးစက္ကူတွေဟာ ပြည့်လျှံကျလို့ လမ်းတွေပေါ်တောင် ပြန့်ကျဲနေပါတယ်။

ဘောလုံးတွေ၊ ရေဘူးတွေ လိုက်ကောက်ကြတဲ့ ကလေးတွေဟာလည်း ပြေးလွှားနေကြသလို လေလွင့်ခွေးတွေ၊ ဆိတ်တွေနဲ့ နွားတွေဟာလည်း ပလတ်စတစ်စွန့်ပစ်အမှိုက်တွေလိုပဲ အများအပြား ရှိနေတာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဟာ ဇွန် ၅ ရက်မှာ ကျရောက်မယ့် ကမ္ဘာ့့ပတ်ဝန်းကျင်နေ့မှာ ပစ်မှတ်ထားစရာ ဖြစ်လာမှာပေမယ့် တီမာနာဂါ ရပ်ကွက်သူ ရပ်ကွက်သားတွေရဲ့ ရေရှည်ခံစားနေရတဲ့ စိတ်ဝေဒနာတွေနဲ့တော့ အလှမ်းဝေးနေဦးမှာပါပဲ။

“ခင်ဗျားတို့ တွေ့နိုင်ပါတယ်။ ဒီမှာ ဘယ်လောက်ထိ အခြေအနေ ဆိုးနေတယ်ဆိုတာ၊ ပလတ်စတစ်တွေနဲ့ လုံးလုံးတစ်ဆို့နေပြီ။”လို့ ရပ်ကွက်နေတစ်ဦးဖြစ်တဲ့ ဘိုလာရမ်းက ခေါင်းတစ်ခါခါနဲ့ ပြောပါတယ်။

တီမာနာဂါဟာ နယူးဒေလီက ဆင်းရဲသားရပ်ကွက်တွေက တစ်ခုဖြစ်ပြီး ဒီလို ပလတ်စတစ်ညစ်ညမ်းမှု အဓိကဖြစ်တဲ့ အမှိုက််ပြဿနာနဲ့ ရုန်းကန်နေရတဲ့ အိန္ဒိယမြို့တွေဟာ မရေတွက်နိုင်ပါဘူး။ ဒီအကြောင်းကိစ္စရပ်ဟာ ကမ္ဘာ့ပတ်ဝန်းကျင်နေ့မှာ အဓိကထားမယ့် အကြောင်းတစ်ရပ်ပဲ ဖြစ်နေပါတော့တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly