ဟာဝိုင်ယီမီးတောင် ချော်ရည်ပူစီးဆင်းမှုက အနီးအနား ဓာတ်အားပေးစက်ရုံကို ခြိမ်းခြောက်နေ

ဟာဝိုင်ယီမီးတောင် ချော်ရည်ပူစီးဆင်းမှုက အနီးအနား ဓာတ်အားပေးစက်ရုံကို ခြိမ်းခြောက်နေ

မေ ၂၃ ။            ။ အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ် Kilauea မီးတောင် ပေါက်ကွဲနေမှုကနေတဆင့် ထွက်ရှိလာနေသည့် ချော်ရည်ပူများက တစ်ဖြည်းဖြည်းချင်း ပြန့်နှံ့စီးဆင်းနေလျက်ရှိရာ ယခုအခါ မီးတောင်အနီးအနားရှိ ဓာတ်အားပေးစက်ရုံတစ်ရုံနား နီးကပ်လာနေပြီ ဖြစ်သည်။

ယင်းအတွက်ကြောင့် အခြေအနေကို ထိန်းသိမ်းကာကွယ်နိုင်ရေးအတွက် အာဏာပိုင်များက အပြင်းအထန်အားထုတ်နေလျက်ရှိသည်။

လက်ရှိအချိန်ထိတော့ ပြည်နယ်က မောင်းနှင်လည်ပတ်နေသည့် ၃၈ မီဂါ၀ပ် Puna Geothermal Company စက်ရုံအပေါ်ကိုတော့ အားချင်း ခြိမ်းခြောက်နိုင်မည့် အန္တရာယ်မျိုး မရှိသေးကြောင်း တာဝန်ရှိသူများက ပြောသည်။

သို့သော် အဆိုပါ ကုမ္ပဏီအနီး မီးတောင်အက်ကြောင်းများက ဆက်လက် ပေါ်ထွက်လှုပ်ရှားနေလျက်ရှိပြီး ချော်ရည်ပူများလည်း ဖြည်းဖြည်းချင်း စီးထွက်လာနေခဲ့လျက်ရှိသည်။

အာဏာပိုင်များဘက်က အခြေအနေကို နီးနီးကပ်ကပ် စောင့်ကြည့်နေလျက်ရှိသည်။

အဆိုပါ Kilauea မီးတောင်မှာ မေလ ၃ ရက်က စတင်ပေါက်ကွဲခဲ့ပြီးနောက် အနီးအနားနေ လူပေါင်း ၂,၀၀၀ ခန့် ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ယင်းအပြင် ယခုလက်ရှိ မီးတောင် လှုပ်ရှားမှု အခြေအနေအရ ကြီးမားသည့် ပေါက်ကွဲမှုကြီးတစ်ရပ် ထပ်ဖြစ်လာနိုင်သည့် ရှေ့ပြေးနိမိတ်မျိုး ဖြစ်နေကြောင်း သိပ္ပံပညာရှင်များက ယုံကြည်နေလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required