မလေးရှားတွင် ရွေးကောက်ပွဲမဲဆွယ်မှုများ စတင်၊ ဝန်ကြီးချုပ် နာဂျစ်က အာဏာပြန်ရရေး အကြိတ်အနယ်ယှဉ်ပြိုင်

မလေးရှားတွင် ရွေးကောက်ပွဲမဲဆွယ်မှုများ စတင်၊ ဝန်ကြီးချုပ် နာဂျစ်က အာဏာပြန်ရရေး အကြိတ်အနယ်ယှဉ်ပြိုင်

ကွာလာလမ်ပူ၊ ဧပြီ ၂၈ ။        ။ မလေးရှားနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးပွဲများ ဧပြီ ၂၈ ရက်တွင် စတင်ရာ ထောက်ခံသူများက အလံများ ဝှေ့ယမ်းကာဖြင့် လမ်းများတွင် ရှိနေကြသည်။

လက်ရှိအစိုးရမှာ အရှုပ်တော်ပုံ ပေါ်ပေါက်သော အစိုးရဖြစ်ခြင်းကြောင့် အာဏာဆက်လက် ကိုင်စွဲထားနိုင်ရေးအတွက် အကြိတ်အနယ် ယှဉ်ပြိုင်မည်ဖြစ်ရာ ဆယ်စုနှစ် ခြောက်ခုအလွန် လွတ်လပ်ပြီးချိန်မှစကာ အပြင်းထန်ဆုံး ရွေးကောက်ပွဲတစ်ခုပဲ ဖြစ်သည်။

အစိုးရပိုင် စီးပွားရေးကော်ပိုရေးရှင်း 1MD ၏ ရန်ပုံငွေများနှင့် ပတ်သက်ပြီး ကိုယ်ကျိုးအသုံးချမှုများ ရှိသည်ဟု စွပ်စွဲခံရသော ဝန်ကြီးချုပ် နာဂျစ်ရာဇက်မှာ ၎င်း၏ ဆရာလည်းဖြစ်ပြီး ယခင်ခေါင်းဆောင်ဟောင်းလည်းဖြစ်သူ မဟာသီမိုဟာမတ်နှင့် လာမည့်လတွင် ကျင်းပမည်ဖြစ်သော ရွေးကောက်ပွဲအတွက် ယှဉ်ပြိုင်ရပြီ ဖြစ်သည်။

ဆယ်စုနှစ်နှစ်ခုကျော်ကြာ မလေးရှားကို ဦးဆောင်ခဲ့ဖူးသူ မဟာသီသည် အသက် ၉၂ နှစ်တွင် အတိုက်အခံညွန့်ပေါင်းတို့၏ ကိုယ်စားလှယ်လောင်းတင်မြှောက်မှုဖြင့် အံ့အားဖွယ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းလည်း ဖြစ်သည်။

သို့သော်လည်း ၁၉၅၇ ခုနှစ် ဗြိတိန်မှ လွတ်လပ်ရေးရပြီးနောက်ပိုင်း အာဏာရခဲ့သည့် နာဂျစ်၏ Barisan Nasional ညွန့်ပေါင်းပါတီမှာလည်း အတိုင်အခံပါတီတို့ဖက်မှ အကွဲအပြဲများကြောင့် ရွေးကောက်ပွဲ အောင်နိုင်ခြေလည်း ရှိထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required