နှလုံးသားရပ်ဝန်းကို ဗဟိုပြုသောအချစ် (Heartbeat)

နှလုံးသားရပ်ဝန်းကို ဗဟိုပြုသောအချစ် (Heartbeat)

ရုဇ်ဂါက ချမ်းသာတဲ့မိသားစုက ပေါက်ဖွားလာတဲ့ သူဌေးလေးတစ်ဦးပါ။ တစ်နေ့မှာတော့ ရုဇ်ဂါဟာ မယ်လ်တန်ဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ ချစ်ကြိုးသွယ်ခဲ့တယ်။ အရူးအမူးချစ်ပြီး တစ်နေ့မှာ လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့ ရုဇ်ဂါနဲ့ မယ်လ်တန်တို့ဆီကို မမျှော်လင့်ထားတဲ့ ကံကြမ္မာဆိုးတစ်ခု ဝင်ရောက်လာခဲ့တယ်။ ဒီကြမ္မာဆိုးကပဲ မယ်လ်တန်ဆိုတဲ့ကောင်မလေးကို မတော်တဆမှုတစ်ခုကနေ သေရွာအထိ ခေါ်သွားခဲ့တယ်။

သာမန်အချစ်ဇာတ်လမ်းတစ်ပုဒ်သာဆိုရင်တော့ ဒီနေရာမှာတင် ဇာတ်သိမ်းနေလောက်ပါပြီ။ ဒါပေမယ့် နှလုံးသားရပ်ဝန်းကို ဗဟိုပြုသောအချစ် (Heartbeat) ကတော့ သင်တို့ကြည့်နေကျ သာမန်အချစ်ဇာတ်လမ်းတစ်ပုဒ် မဟုတ်ပါဘူး။ သေဆုံးသွားခဲ့တဲ့ မယ်လ်တန်ဟာ သူ့နှလုံးသားကို နှလုံးအစားထိုးကုသဖို့ လိုအပ်နေတဲ့ ဇေနက် ဆိုတဲ့ ကောင်မလေးတစ်ယောက်ကို လှူဒါန်းခဲ့ပါတယ်။ ဇာတ်လမ်းကတော့ လှသွားပြီ။ မယ်လ်တန်ရဲ့နှလုံးသားနဲ့ အသက်ရှင်နေတဲ့ ဇေနက်နဲ့ ချစ်သူသေဆုံးသွားလို့ ပူဆွေးနေတဲ့ ရုဇ်ဂါတို့ ဆုံတွေ့ပြီးတဲ့နောက်မှာတော့…….။

အသစ်

ဒီဇာတ်လမ်းတွဲက မြန်မာနိုင်ငံကပရိသတ်တွေအတွက် အာရှအချစ်ဇာတ်လမ်းတွဲတွေနဲ့မတူပဲ ခံစားမှုအသစ်ပေးမယ့် Fox International Drama ဇာတ်လမ်းတွဲပါ။

အချစ်ဆိုတာ ဘာလဲ

မေးခွန်းက သိပ်နုသွားသလား။ နှလုံးသားရပ်ဝန်းကို ဗဟိုပြုသောအချစ် ဇာတ်ကားကို ကြည့်ပြီးရင်တော့ ဒီမေးခွန်းကို ဖြေဆိုနိုင်မှာပါ။ ကိုယ့်ချစ်သူကောင်မလေးက အချစ်ဆိုတာ ဘာလဲလို့မေးလာရင် အဖြေရကျပ်ပြီး စဉ်းစားရခက်တဲ့ ကိုကိုတွေရော၊ အချစ်အကြောင်းနားမလည်တဲ့ မမတွေကိုရော ဒီဇာတ်ကားက အချစ်အကြောင်း သင်ပေးလိမ့်မယ်။

ချောလား

ဒီဇာတ်လမ်းတွဲမှာပါတဲ့ သရုပ်ဆောင်တွေက ချောလားဆိုတော့…..။ ဒီဇာတ်ကားမှာ အဓိကဇာတ်ကောင် ရုဇ်ဂါနေရာမှာ သရုပ်ဆောင်ထားတဲ့ မင်းသား ဆာနယ်လ်နဲ့ ဇေနက်ဆိုတဲ့ ကောင်မလေးနေရာမှာ သရုပ်ဆောင်ထားတဲ့ မင်းသမီး ဒင်းနစ်ဇ်ဘေဆယ်တို့ ချောချက်ကတော့ ကိုရီးယား မင်းသား၊မင်းသမီးတွေကိုတောင် မေ့သွားမယ်။ 

အချစ်အကြောင်းပဲ ကြည့်ရမှာလား

ဘယ်ဟုတ်မလဲ။ အရင်တုန်းက ကြည့်ခဲ့ဖူးတဲ့ အချစ်ဇာတ်လမ်းတွဲတွေအားလုံးကို မေ့လိုက်…။ ဒီဇာတ်လမ်းတွဲမှာ မြင်ရမှာက နုရွတဲ့အချစ်ဇာတ်ဝင်ခန်းတွေချည်းပဲ မဟုတ်ဘူး။ စာပေမှာ ရသကိုးပါးရှိသလို ဒီဇာတ်လမ်းတွဲမှာလည်း ရသကိုးပါးစလုံးကို ခံစားရအောင် ပုံဖော်ထားတယ်ဆိုတာကို ရဲရဲကြီးအာမခံတယ်။ 
 ငိုရမှာလား

Drama ဇာတ်လမ်းတွဲတွေကို ကြည့်ရင် မျက်ရည်ကျတဲ့အထိခံစားရမှကျေနပ်တဲ့ ကိုကို၊ မမ၊ ဦးဦး၊ ဒေါ်ဒေါ်၊ ကြီးငယ်အလတ်သုံးရပ်ခန္ဓာအားလုံးကို အသိပေးချင်တာကတော့ သုတ်စရာ(မျက်ရည်၊ နှပ်သုတ်ဖို့) တစ်ခုသာဆောင်ထားပေတော့…။

ဇာတ်လမ်းတွဲကို စိတ်ဝင်စားလွန်းလို့ ထမင်းမချက်နိုင်အောင် မဖြစ်ဖို့တော့ မိသားစုအချင်းချင်း သတိပေးထားကြဦး။
 အိမ်ရှေ့မှာ တိုင်စိုက်၊ တီဗီရှေ့မှာ ထိုင်လိုက်

နှလုံးသားရပ်ဝန်းကိုဗဟိုပြုသောအချစ် ဇာတ်လမ်းတွဲကို ကြည့်ရဖို့အတွက်ကတော့ လွယ်လွယ်လေးပါ။ အိမ်ရှေ့မှာ တိုင်စိုက်၊ ပြီးတော့ တီဗီရှေ့မှာထိုင်လိုက်။ မြန်မာပြည်အတွက် အသစ်တွေကို ယူဆောင်လာမယ့် Mizzima TV Channel မှာ အပတ်စဉ် ဗုဒ္ဓဟူး နဲ့ ကြာသပတေးနေ့တွေမှာ ညစဉ် ၇နာရီတိုင်းမှာ ထုတ်လွှင့်ပြသမှာပါ။

ပံ့ပိုးကူညီမှု

Mizzima TV Channel မှာ ပြမယ့် နှလုံးသားရပ်ဝန်းကို ဗဟိုပြုသောအချစ် TV Series ကို  Lifebuoy, Lux,  Pond's Moisturizer, Signal, Sunsilk, Clear, Close Up, Dove,  E-Lan, Fair and Lovely, Knorr Chicken Powder စတဲ့ ကုန်ပစ္စည်းတွေကလည်း ကြော်ငြာထည့်ပြီး ပံ့ပိုးကူညီပေးမှာပါ။ 

ပြသမည့် ဇာတ်လမ်းအမည်   
နှလုံးသားရပ်ဝန်းကို ဗဟိုပြုသောအချစ်

ပြသမည့် နေ့ရက် 
အပတ်စဉ် ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့ (အပိုင်းသစ်)

ပြသမည့် အချိန်  
ည ၇ နာရီ

ပြန်လည်ပြသမည့် နေ့ရက်နဲ့ အချိန် (Replay Time) 
ကြာသပတေးနေ့နဲ့ သောကြာနေ့ မနက် ၁၀ နာရီ (Replay 1) ၊ ညနေ ၄ နာရီ (Replay 2)

Written by Ye Yint Htay

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required