Michelin Innovative Shop တတိယဆိုင်တွင် မော်တော်ယာဉ် One stop Service များပါ ရရှိမည်

Michelin Innovative Shop တတိယဆိုင်တွင် မော်တော်ယာဉ် One stop Service များပါ ရရှိမည်
ဓာတ်ပုံ - ဒေါင်းလူ

 

မတ်လ ၁၈ ။              ။ အရည်အသွေးမြင့် တာယာတွေကို ရောင်းချပေးပြီး မော်တော်ယာဉ် စစ်ဆေးပြုပြင်ခြင်း စသော One Stop Service ဝန်ဆောင်မှုများ  ရရှိနိုင်သော Michelin Innovative Shop တတိယဆိုင်ခွဲကို မတ်လ ၁၈ ရက်နေ့က ရန်ကုန်မြို့တွင် ဖွင့်လှစ်ခဲ့သည်၊

အဆိုပါဆိုင်တွင် Michelin နှင့် BF Goodrich Tyre များကို အဓိကရောင်းချတပ်ဆင်ပေးသွားမည်ဖြစ်ပြီး မော်တော်ယာဉ်နှင့် ပတ်သက်သော Allignment၊ Wheel၊ Balancing၊ Engine Oil၊ Break၊ Battery နှင့် မော်တော်ယာဉ်အောက်ပိုင်း စစ်ဆေးပြုပြင်ခြင်း အစရှိသည်တို့ကို One Stop Service အနေဖြင့် ဆောင်ရွက်နိုင်ကြောင်း သိရသည်။

"ကျွန်တော်တို့အနေနဲ့ ဒီလို Mi Shop တွေ ဖွင့်လှစ်လိုက်ခြင်းအတွက် မော်တော်ယာဉ်တွေကို သာမန် အဆင့်မြင့် ဝန်ဆောင်မှုပေးနိုင်ရုံ မဟုတ်ဘဲ ပြည်တွင်းမှာရှိတဲ့ ကျွမ်းကျင်လုပ်သားကိုလည်း နိုင်ငံတကာ အဆင့်မီ ကျွမ်းကျင် လုပ်သားတွေအဖြစ် မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။ အဓိက အားသာချက်ကတော့ တာယာလဲတဲ့အချိန်မှာ အချိန်ကြန့်ကြာမှုမဖြစ်စေဖို့ နောက်ဆုံးပေါ် ခေတ်မီစက် ကရိယာတွေနဲ့ အချိန်တို အတွင်းမှာ ဝန်ဆောင်မှုလည်း ပေးနိုင်မှာ ဖြစ်ပါတယ် '' ဟု ဒါရိုက်တာ ဦးကျော်စိုးသိန်း( Myanmar Eaik Sar Tha Ya Co.,Ltd ) ပြောသည်။

ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ ကျောက်ကုန်းရပ်ကွက်၊ အောင်ဇေယျလမ်းတွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး မတ်လ ၁၆ ရက်က ဒုတိယဆိုင်ခွဲကို ဗားဂရာလမ်းနှင့် ပန်းခြံထောင့်၊ မြေနီကုန်းတွင် ဖွင့်လှစ်ခဲ့ပြီး အဆိုပါဆိုင်များတွင်ပါ One Stop Service ရရှိနိုင်ကြောင်း သိရသည်။

ယနေ့ ပြုလုပ်သော Michelin Innovative Shop ဖွင့်ပွဲတွင် EDC Distribution Co.,Ltd ၏ ဒါရိုက်တာ ဦးအောင်ချစ်ဝင်း၊ Michelin Myanmar မှ Branch Office မန်နေဂျာ Mr.Watit ၊  Myanmar Eaik Sar Tha Ya General Trading၏  ဒါရိုက်တာ ဦးအောင် မြင့်တို့တက်ရောက်ခဲ့ကြသည်။

Michelin နဲ့ Myanmar Eaik Sar Tha Ya Co.,Ltd တို့ ပူးပေါင်းပြီး ရန်ကုန်မြို့တွင်  ၃ ဆိုင်၊ မန္တလေးမြို့တွင်  ၁ ဆိုင်ဖွင့်လှစ်ခဲ့ပြီး၊ မြန်မာနိုင်ငံ၏ အခြားမြို့ကြီးများတွင် ထပ်မံဖွင့်လှစ်သွားမည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required