စစ်မှုထမ်းတာဝန် စတင်ထမ်းဆောင်ပြီဖြစ်သည့် G-Dragon

စစ်မှုထမ်းတာဝန် စတင်ထမ်းဆောင်ပြီဖြစ်သည့် G-Dragon

တောင်ကိုရီးယားမှ နာမည်ကျော်အမျိုးသားပေါ့ပ်ဂီတအဖွဲ့ BIGBANG မှ အဆိုတော် G-Dragon သည် မဖြစ်မနေစစ်မှုထမ်းဥပဒေအရ သူ၏နိုင်ငံသားတာဝန်ကို ယနေ့တွင် စတင်ထမ်းဆောင်ပြီဖြစ်သည်။

ဖေဖေါ်ဝါရီ ၂၇ ရက်နေ့တွင် G-Dragon သည် ဂန်ဝန်ခရိုင် ချီအော်ဝန်မြို့ရှိ အမှတ် ၃ တပ်သားစုဆောင်းရေး သင်တန်းစင်တာသို့ သွားရောက်၍စာရင်းသွင်းခဲ့သည်။ ပရိသတ်အများအပြားနှင့် ကုမ္ပဏီဝန်ထမ်းများသည် သူ့အားလိုက်လံပို့ဆောင်၍ နှုတ်ဆက်ခဲ့ကြသည်။

တာဝန်ထမ်းဆောင်ရန် စာရင်းမပေးမီတွင် G-Dragon သည် သူ၏ BIGBANG အဖွဲ့ဝင်များ၊ မိတ်ဆွေများနှင့် ထုတ်လုပ်သူဖြစ်သူ ယန်ဟွမ်ဆတ်ခ်တို့နှင့်အတူ နှုတ်ဆက်ပွဲပြုလုပ်ခဲ့သည်။

G-Dragon သည် ငါးပတ်ခန့်ကြာမြင့်မည့် အခြေခံစစ်သင်တန်းကို ကနဦးတက်ရောက်မည်ဖြစ်ပြီး ထို့နောက် တွင် တရားဝင်တာဝန်ကျသည့်နေရာ၌ တာဝန်ထမ်းဆောင်မည်ဟု သိရသည်။ သူသည် လာမည့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှသာ စစ်မှုထမ်းတာဝန်ပြီးဆုံးမည်ဖြစ်သောကြောင့် ပရိသတ်များအနေဖြင့် ကာလ အတန်ကြာအောင် စောင့်ဆိုင်းနေရတော့မည်ဖြစ်သည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required