အင်္ဂလိပ်ကစားသမားများကို ဒိုင်ဗင်ဆရာများဟု အာစင်ဝင်းဂါးပြော

အင်္ဂလိပ်ကစားသမားများကို ဒိုင်ဗင်ဆရာများဟု အာစင်ဝင်းဂါးပြော

 

ဖေဖော်ဝါရီ ၉၊ လန်ဒန်။           ။ အင်္ဂလိပ်ကစားသမားများသည် ဒိုင်ဗင်ထိုးသည့်နေရာတွင် ဆရာကျသူများဖြစ်နိုင်ကြောင်း အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပြောဆိုလိုက်သည်။

စပါးအသင်းမှ ဒယ်လီအလီသည် လီဗာပူးလ်နှင့်သရေကျသည့်ပွဲတွင် ဟန်ဆောင်လှဲချသဖြင့် အဝါကတ်ပြခံခဲ့ရသည်။ ဟာရီကိန်း သည်လည်း ပင်နယ်တီရအောင်ဟန်ဆောင်လှဲချခဲ့သည်ဟု လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်က စွပ်စွဲခဲ့သည်။

“ဒီမှာ ပြည်ပကစားသမားတွေ အဲဒီလိုလုပ်ကြတုန်းက တုန်လှုပ်စရာကောင်းတဲ့ကိစ္စအဖြစ်သတ်မှတ်ခံခဲ့ရတာကို ကျွန်တော် မှတ်မိနေသေးတယ်။ ဒါပေမဲ့အင်္ဂလိပ်တွေကမြန်မြန်အတုခိုးလိုက်ကြပြီး အခုဆို မာစတာတောင်ဖြစ်နေလောက်ပြီ”ဟု ဝင်းဂါးက ဆိုသည်။

အာဆင်နယ်က မန်စီးတီးကို ၃-၁ ဂိုးဖြင့်ရှုံးသည့် နိုဝင်ဘာလအတွင်းကလည်း စတာလင်း ဟန်ဆောင်လှဲချကောင်းခဲ့သည်ဟု အာစင်ဝင်းဂါးက ပြောခဲ့သေးသည်။

စနေနေ့တွင် ဝင်ဘာလေကွင်း၌စပါးအသင်းနှင့်ရင်ဆိုင်ရမည့် ဝင်းဂါးက “ကျွန်တော့်ကစားသမားတွေကို ဒိုင်ဗင်ထိုးဖို့ မမှာထား ပါဘူး။ ပွဲအတွင်းမှာတော့ကြုံကောင်းကြုံရနိုင်ပါတယ်။

တခါတရံမှာ ကစားသမားတွေက စည်းကမ်းတွေကို ကစားလိုကြတယ်။ ဘယ်လောက်လှည့်စားနိုင်မှာလဲ။ ဒါက ဒိုင်လူကြီးတွေပေါ်မူတည်တယ်”ဟု ပြောသည်။

စပါးနည်းပြပိုချက်တီနိုကမူ ဒိုင်ဗင်ထိုးခြင်းမှာ မည်သည့်နိုင်ငံသားဖြစ်ခြင်းကြောင်းနှင့်သက်ဆိုင်ခြင်းမရှိဟု ပြောဆိုထားသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required