ကွင်းလယ်လူအဖြစ်ကစားနိုင်စွမ်းရှိသည်ဟု မန်စီးတီးဂိုးသမားအီဒါဆင်ပြော

ကွင်းလယ်လူအဖြစ်ကစားနိုင်စွမ်းရှိသည်ဟု မန်စီးတီးဂိုးသမားအီဒါဆင်ပြော

ဖေဖော်ဝါရီ ၈၊ မန်ချက်စတာ။          ။ မန်စီးတီးဂိုးသမားအီဒါဆင်က ၎င်းသည်ပရီးမီးယားလိဂ်တွင် ကွင်းလယ်လူအဖြစ် ကစားနိုင်စွမ်းရှိသည်ဟု ပြောဆိုလိုက်သည်။ ဘရာဇီးဂိုးသမားသည်   နွေရာသီတွင် ဘင်ဖီကာမှပေါင် ၃၄ ဒသမ ၉ သန်းဖြင့်ပြောင်းလာပြီးနောက် လက်စွမ်းပြနေသည်။

သို့သော်၎င်းအနေဖြင့် ကွင်းလယ်ကစားသမားအဖြစ်ပါ ကောင်းစွာကစားနိုင်စွမ်းရှိကြောင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။ ဖိုးဖိုးတူး မဂ္ဂဇင်းနှင့်အင်တာဗျူးတွင် အီဒါဆင်က ဘင်ဖီကာလူငယ်အသင်းတွင် ရှိစဉ် ကွင်းလယ်ကစားသမားအဖြစ် တခါတရံ ကစားရလေ့ ရှိသည်ဟု ပြောသည်။

“ဘင်ဖီကာအငယ်အသင်းမှာကစားတုန်းကဆိုရင် ကွင်းလယ်မှာတစ်ယောက်ယောက် မကစားနိုင်တဲ့အခါ သူတို့က ကျွန်တော့်ကို ခေါ်ကစားတယ်။ ကျွန်တော့်အတွက် အခက်အခဲမရှိခဲ့ဘူး။

ဒါကြောင့်လိုအပ်လာရင် ကျွန်တော်ရှေ့တက်ကစားဖို့အသင့်ပါပဲ။ လွယ်တော့မလွယ်ဘူး။ အထူးသဖြင့် ပရီးမီးယားလိဂ်မှာပေါ့။ ဒါပေမဲ့ကျွန်တော်ရင်ဆိုင်နိုင်မယ်လို့ ထင်ပါတယ်”ဟု အီဒါဆင်ကပြောသည်။

စီးတီးတွင် ၎င်း၏ရှေ့မှကစားသောကစားသမားများမှာ ဘောလုံးပိုင်ဆိုင်မှုကို ကောင်းစွာထိန်းထားနိုင်ပြီး ဘောလုံးပျက်ခဲသောကြောင့် မိမိအတွက် လွယ်ကူအဆင်ပြေရကြောင်းလည်း အီဒါဆင်က ဆိုသည်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly