ချယ်လ်ဆီးနည်းပြရာထူးမှ ထုတ်ပယ်ခံရနိုင်သည်ဟု ကွန်တီဝန်ခံ

ချယ်လ်ဆီးနည်းပြရာထူးမှ ထုတ်ပယ်ခံရနိုင်သည်ဟု ကွန်တီဝန်ခံ

 

ဖေဖော်ဝါရီ ၆၊ လန်ဒန်။             ။ ချယ်လ်ဆီးဘုတ်အဖွဲ့အနေဖြင့်မိမိကိုရာထူးမှထုတ်ပယ်ဖွယ်ရှိနေသည်ဟု ဝက်ဖို့ဒ်ကိုရှုံးသည့်ပွဲအပြီးတွင် ချယ်လ်ဆီးနည်းပြ ကွန်တီက ဝန်ခံသည်။

ချယ်လ်ဆီးအသင်းသည် ၄-၁ ဂိုးဖြင့်ရှုံးနိမ့်ခဲ့ရာ သုံးဂိုးပြတ်ဖြင့် ဒုတိယမြောက်ရှုံးနိမ့်ခြင်းလည်းဖြစ်သည်။ ချယ်လ်ဆီးသည် ဒီနေး၏ အဖွင့်ဂိုးကို ပင်နယ်တီမှတဆင့်ခွင့်မပြုရမီ ဘာကာယိုဂို စောစီးစွာအနီကတ်ပြထုတ်ပယ်ခံခဲ့ရသည်။

ပွဲချိန်ဒုတိယပိုင်းတွင် ဟာဇက်ကချေပဂိုးပြန်သွင်းပေးခဲ့သော်လည်း နောက်ပိုင်းတွင်ဝက်ဖို့ဒ်က သုံးဂိုးထပ်သွင်းသွားသည်။ ပွဲအပြီးတွင်အနာဂါတ်နှင့်ပတ်သက်သည့်မေးခွန်းကို ဘုတ်အဖွဲ့ကဆုံးဖြတ်လိမ့်မည်ဟု ကွန်တီကဝန်ခံခဲ့သည်။

“ကျွန်တော့်နေရာလား။ အရင်ကပြောသလိုပါပဲ။ ကျွန်တော်ဒီနေရာမှာအလုပ်အတွက် အကောင်းဆုံးကြိုးစားနေပါတယ်။ ဖိအားတွေလား။ ဘယ်ဖိအားကိုပြောတာလဲ။ ဖိအားဆိုတာ ဘာလဲ။

တကယ်လို့ ကျွန်တော်အလုပ်လုပ်တာအဆင်ပြေတယ်ဆို အဆင်ပြေတယ်ပေါ့။ တခြားဟာကိုတော့ အသင်းဘက်က ဆုံးဖြတ်ပါ လိမ့်မယ်”ဟု ကွန်တီကဆိုသည်။

ကစားသမားများ၏ခြေစွမ်းကိုလည်းကွန်တီကဝေဖန်သွားခဲ့ပြီး လူထုတ်ပုံမှားယွင်းခဲ့သည်ဟု ကွန်တီကဆိုသည်။

Ref; Mirror

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required