အဖွဲ့ဖျက်သိမ်းလိုက်ပြီဆိုသော ကောလဟာလများကို T-ara အဖွဲ့ငြင်းဆန်

အဖွဲ့ဖျက်သိမ်းလိုက်ပြီဆိုသော ကောလဟာလများကို T-ara အဖွဲ့ငြင်းဆန်

တောင်ကိုရီးယားမှ အမျိုးသမီးပေါ့ပ်ဂီတအဖွဲ့ T-ara သည် သူတို့အဖွဲ့ဖျက်သိမ်းပြီဆိုသော ကောလဟာလ သတင်းများကို အဖွဲ့၏ရှေ့နေတစ်ဦးမှတဆင့် ငြင်းဆန်ပယ်ချခဲ့သည်။

အဖွဲ့ဝင်များဖြစ်သော Hyomin၊ Qri၊ Jiyeon နှင့် Eunjung တို့၏ရှေ့နေဖြစ်သူက “အဖွဲ့ဝင်အားလုံးရဲ့ အတည်ပြုချက်ကို ရယူပြီးတော့အခါမှာတော့ T-ara အဖွဲ့ဖျက်သိမ်းလိုက်ပြီဆိုတဲ့   ကောလဟာလတွေဟာ  မဟုတ်မှန်ဘူးလို့ ပြောနိုင်ပါတယ်။ သူတို့လေးဦးစလုံးဟာ T-ara အဖွဲ့ဝင်တွေဖြစ်ပြီး အဖွဲ့လိုက်အနေနဲ့ပဲ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်သွားမှာပါ။ သီးခြားလုပ်ကိုင်သွားဖို့ အစီအစဉ်မရှိပါဘူး” ဟု YTN Star သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

T-ara အဖွဲ့ဝင်များသည် MBK Entertainment အေဂျင်စီနှင့် လမ်းခွဲခဲ့ပြီးနောက် အမြင်ချင်းမတူသည့်အတွက် တစ်ဦးချင်းအနေဖြင့်သာ အနုပညာလုပ်ငန်းများကို လုပ်ကိုင်သွားမည်ဟု ကောလဟာလများ ထွက်ပေါ်လာ ခြင်းဖြစ်သည်။

T-ara အဖွဲ့သည် လွန်ခဲ့သော ၂၀၀၉ ခုနှစ်က ကေပေါ့ပ်လောကထဲသို့ စတင်ဝင်ရောက်လာခြင်းဖြစ်ပြီး Bo Peep Bo Peep၊ Roly Poly နှင့် ပေါက်သီချင်းမြောက်မြားစွာကို သီဆိုထားခဲ့သည်။

အခြားအဖွဲ့ဝင်နှစ်ဦးဖြစ် သော Boram နှင့် Soyeon တို့သည် လွန်ခဲ့သောမေလက စာချုပ်ပြည့်သွားသည့်အတွက် အဖွဲ့မှထွက်ခွာသွားခဲ့ သောကြောင့် ယခုအခါတွင် T-ara အဖွဲ့သည် အဖွဲ့ဝင်လေးဦးဖြင့် အနုပညာလုပ်ငန်းများကို ဆက်လက်လုပ် ကိုင်မည်ဟု သိရသည်။

Ref:Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required