၂၀၂၂ ခုနှစ်အထိ မန်စီးတီးအသင်းနှင့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုလိုက်တဲ့ အော့ဒါမန်ဒီ

၂၀၂၂ ခုနှစ်အထိ မန်စီးတီးအသင်းနှင့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုလိုက်တဲ့ အော့ဒါမန်ဒီ
(ဓာတ်ပုံ - အီးပီအေ)

အာဂျင်တီးနား နောက်ခံကစားသမား အော့ဒါမန်ဒီဟာ ၎င်းရဲ့ စာချုပ်ကို ၂၀၂၂ ခုနှစ်၊ ဇွန် ၃၀ ရက်အထိ သက်တမ်းတိုးစာချုပ်ဖို့ မန်ချက်စတာစီးတီးနှင့် သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။

အော့ဒါမန်ဒီဟာ ၂၀၁၅ ခုနှစ်က မန်စီးတီးအသင်းကို ပြောင်းရွှေ့ခဲ့စဉ်က ငါးနှစ် စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

“မန်စီးတီးကို ရောက်ရှိခဲ့တဲ့ ပထမဆုံးနေ့ကစလို့ ကျနော် ဒီမှာ နှစ်သက်ခဲ့ပြီး နောက်ထပ် ၄နှစ်လောက် ဒီမှာ နေရဖို့ သက်တမ်းတိုးနိုင်ခဲ့တဲ့အတွက် ကျနော် တကယ်ပဲ ပျော်ရွှင်မိပါတယ်”လို့ အော့ဒါမန်ဒီက ပြောပါတယ်။

ဒေအာ့ဒါမန်ဒီဟာ မန်စီးတီးအသင်းနှင့် တရားဝင်ပွဲပေါင်း ၁၁၈ ပွဲ ကစားခဲ့ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required