တောင်ကိုရီးယားမှ နာမည်ကျော်မင်းသား ဂျန်ဝူးဆန်းသည် ဆီးရီးယားနိုင်ငံမှ စစ်ဘေးသင့်ဒုက္ခသည် ကလေး ငယ်များဘက်မှ အားပေးရပ်တည်ပေးသည့်အနေဖြင့် သူ၏ကိုယ်ပိုင် အင်စတာဂရမ်အကောင့်တွင် ဓာတ်ပုံ တစ်ပုံကို ဇန်နဝါရီ ၁၄ ရက်နေ့က တင်ခဲ့သည်။
သူသည် သူ၏ မျက်လုံးတစ်ဖက်အား လက်တစ်ဖက်ဖြင့်အုပ်ထားပုံအား ထိုဓာတ်ပုံထဲတွင် တွေ့မြင်ရသည်။ ထို့နောက် သူက “ ပြီးခဲ့တဲ့အောက်တိုဘာလက ဆီးရီးယားနိုင်ငံ ဒါမာစကတ်မြို့မှာ ဖြစ်ပွားခဲ့အကြမ်းဖက်ဖြစ်ရပ် အတွင်း ကာရမ်လို့ခေါ်တဲ့ ရက် ၁၀၀ သားပဲရှိသေးတဲ့ မွေးကင်းစကလေးငယ်လေးဟာ မျက်လုံးတစ်ဖက် ဆုံးရှုံး ခဲ့ရပါတယ်။ ကာရမ်လိုမျိုး အခြားကလေးသူငယ်တွေဟာလည်း ဒုက္ခမျိုးစုံ ခံစားနေကြရပါတယ်။ ဆီးရီးယားရဲ့ ပြည်တွင်းစစ်ဖြစ်ရပ်ကို ကမ္ဘာတစ်ဝန်းက အသိုင်းအဝိုင်းအားလုံးအနေနဲ့ သတိပြုမိပြီး အကူအညီပေးကြဖို့ ကျနော်တိုက်တွန်းပါတယ်” ဟု စာရေးသားခဲ့သည်။
ကာရမ်၏ဖြစ်ရပ်သည် လူမှုမီဒီယာများပေါ်၌ လူပြောများသော ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပြီး ကမ္ဘာတစ်ဝန်းမှလူအများ သည် ထိုကလေးငယ်ဘက်မှ အားပေးရပ်တည်ခဲ့ကြကာ ထိုသူများထဲ၌ ဂျန်ဝူးဆန်းလည်း အပါအဝင်ဖြစ်သည်။
ဒါ့အပြင် ဂျန်ဝူးဆန်းသည် လက်ရှိအချိန်တွင် ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီ၏ သံတမန်အဖြစ် တက်ကြွစွာ ပါဝင်လှုပ်ရှားနေသူတစ်ဦးလည်းဖြစ်သည်။
Ref: Soompi