မီးရှုးမီးပန်း ပစ်လွှတ်မှုများ ကန့်သတ်ထားသည့်ကြားက ဖိလစ်ပိုင်နှစ်သစ်ကူးည ဒဏ်ရာရသူပေါင်း ၂၀၀ နီးပါး ရှိ

မီးရှုးမီးပန်း ပစ်လွှတ်မှုများ ကန့်သတ်ထားသည့်ကြားက ဖိလစ်ပိုင်နှစ်သစ်ကူးည ဒဏ်ရာရသူပေါင်း ၂၀၀ နီးပါး ရှိ

မနီလာ၊ ဇန်နဝါရီ ၁ ။               ။ ဖိလစ်ပိုင်နိုင်ငံတွင် ဗြောက်အိုးနှင့် မီးရှုးမီးပန်းများကို အကန့်အသတ်ထားသည့် အမိန့်အား သမ္မတ ဒူတာတေးက ထုတ်ပြန်ထားသည့် ကြားက နှစ်ကူးည ပျော်ပွဲရွှင်ပွဲများတွင် ဒဏ်ရာရထိခိုက်သူပေါင်းက ၂၀၀ နီးပါးရှိကြောင်း ကျန်းမာရေးဝန်ကြီးက ဇန်နဝါရီ ၁ ရက်တွင် ပြောသည်။

အသံဆူညံသော ဗြောက်အိုးမီးရှုးမီးပန်းများ ပစ်လွှတ်ဖောက်ခွဲခြင်းဖြင့် နှစ်စဉ် သေဆုံးဒဏ်ရာရမှုများ ရှိနေခြင်းကြောင့် သမ္မတ ဒူတာတေးက ဇွန်လအတွင်း ကန့်သတ်မိန့် ထုတ်ထားခြင်း ဖြစ်သည်။

ကက်သလစ်ဘာသာ အများစုနိုင်ငံဖြစ်သောလည်း ဖိလစ်ပိုင်တွင် ဆူပူသည့် နှစ်သစ်ကူးပွဲတော်များသည် ရှေးအယူစွဲဓလေ့များနှင့် တရုတ်ရိုးရာများဖြင့် ကျင်းပနေခြင်းက အရိုးစွဲနေကာ ယင်းနှစ်ကူးပွဲတော်များတွင် နတ်ဆိုးကို နှင်ထုတ်နိုင်သည်ဆိုကာ သေနတ်များ ပစ်ဖောက်ကြခြင်း၊ အသံကျယ်လောင်သော မီးရှုးမီးပန်းများ ပစ်လွှတ်ခြင်းများ လုပ်ဆောင်နေကြခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ်သို့ နှစ်ကူးတွင် ဒဏ်ရာရသူပေါင်းက ၁၉၁ ဦး ရှိခဲ့ခြင်းကြောင့် ပြီးခဲ့သည့် ငါးနှစ်တာ ပျမ်းမျှနှင့် နှိုင်းယှဉ်ပါက ရ၇ ရာခိုင်နှုန်းအထိ ကျဆင်းကြောင်း ကျန်းမာရေးဝန်ကြီး ဖရန့်စစ်ကိုက ဆိုသည်။

သို့သော် မီးရူးပန်းများ ပစ်လွှတ်ဖောက်ခွဲမှုများ လုံးလုံး ထိန်းချုပ်မည်ဆိုလျှင် ထိခိုက်ဒဏ်ရာရမှု ရှိမလာနိုင်တော့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အဆိုတင်ပြမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ နည်းနည်းတော့ စိတ်ကျေနပ်ရတယ်။ နည်းနည်းဆိုတာက ဒဏ်ရာရသူတွေ ရှိနေဆဲပေမယ့် အရေအတွက် သိသိသာသာ ကျဆင်းလာတာကြောင့်ပါပဲ။”ဟု ၎င်းက ပြောပြီး ယင်းအတွက် မီးရှုးမီးပန်းများ ပစ်လွှတ်ခြင်းအား ကန့်သတ်မိန့် ထုတ်ခဲ့သည့် သမ္မတ ဒူတာတေးကို ကျေးဇူးတင်ကြောင်းလည်း ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required