ချစ်သူနှင့်စေ့စပ်လိုက်ပြီဖြစ်သည့် အဆိုတော် မီဂန်တရိန်နာ

ချစ်သူနှင့်စေ့စပ်လိုက်ပြီဖြစ်သည့် အဆိုတော် မီဂန်တရိန်နာ
 

 

အမေရိကန်အဆိုတော်မလေး မီဂန်တရိန်နာသည် သူမ၏ချစ်သူ ဒါလီဆာဘရာနှင့်အတူ တစ်နှစ်ကျော်ခန့် လက်တွဲခဲ့အပြီးတွင် တရားဝင်စေ့စပ်လိုက်ပြီဖြစ်သည်။

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်သည့် The Spy Kids ရုပ်ရှင်ဇာတ်ကားများ၏ကြယ်ပွင့်ဖြစ်သူ ဆာဘရာသည် သူ၏ချစ်သူ မီဂန်တရိန်နာ၏ ၂၄ နှစ်မြောက်မွေးနေ့မတိုင်မီ တစ်ရက်အလိုခန့်အတွင် စေ့စပ်ခွင့်တောင်းခဲ့ခြင်း ဖြစ်သည်။

မီဂန်တရိန်နာက သူမ၏အင်စတာဂရမ်၌ “ကျွန်မက ရက်စ်လို့ဖြေခဲ့ပါတယ်။ ကျွန်မဘဝမှာအချစ်ရဆုံးသော ဒါလီဆာဘရာက ကျွန်မရဲ့ ၂၄ နှစ်မြောက်မွေးနေ့အတွက် အိမ်မက်တွေ အမှန်တကယ်ဖြစ်လာအောင် ဖန်တီးပေး လိုက်ပါပြီ” ဟု သူမက စာရေးသားကာ ဓာတ်ပုံတစ်ပုံကို တင်ခဲ့သည်။

“သူကကျွန်မကို လှပတဲ့ခရစ္စမတ်မီးတွေထွန်းလင်းနေတဲ့ နေရာတစ်ခုမှာ စေ့စပ်ခွင့်တောင်းခဲ့တာဖြစ်ပြီး ကျွန်မရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေနဲ့အတူ အံ့သြသင့်အောင် ဖန်တီးပေးခဲ့ပါတယ်။ ကျွန်မဒီလိုမျိုးတစ်ခါမှ မပျော်ရွှင်ဖူးပါဘူး” ဟု မီဂန်က ပြောခဲ့သည်။

ဆက်လက်ပြီး သူမက “ကျွန်မကို မင်းသမီးတစ်ပါးလိုခံစားရအောင် ဖန်တီးပေးတဲ့ ကျွန်မရဲ့ မိသားစု၊ သူငယ်ချင်း တွေနဲ့ ဒါလီကို ကျေးဇူးတင်ပါတယ်” ဟု မီဂန်က ပြောခဲ့သည်။

ဒါ့အပြင် ဆာဘရာကလည်း သူ၏စေ့စပ်ခွင့်တောင်းပုံကို မှတ်တမ်းတင်ထားသော ဗီဒီယိုဖိုင်အား အင်စတာဂရမ် ၌မျှဝေခဲ့ပြီး “ပျော်ရွှင်စရာမွေးနေ့ပါအချစ်ရေ၊ ရက်စ်လို့အဖြေပေးပြီး လက်ခံလိုက်တဲ့အတွက် ကျေးဇူးတင်ပါ တယ်။ မင်းဟာကမ္ဘာပေါ်မှာ အလှပဆုံးအမျိုးသမီးပါပဲ။ ကိုယ်မင်းကိုချစ်ပါတယ်” ဟု စာရေးသားခဲ့သည်။

သူတို့နှစ်ဦးလက်ထပ်မည့်ရက်ကို မဆုံးဖြတ်ရသေးကြောင်း သိရသည်။

မီဂန်တရိန်နာနှင့် ဒါလီဆာဘရာတို့သည် လွန်ခဲ့သော ၂၀၁၆ခုနှစ် အောက်တိုဘာလက သူတို့နှစ်ဦး၏အချစ်ရေးကို ပရိသတ်များအား တရားဝင်အသိပေးခဲ့ပြီး ပြီးခဲ့သော ဇူလိုင်လက ချစ်သူသက်တမ်း တစ်နှစ်ပြည့် အထိမ်းအမှတ်လေးတစ်ခု ဆင်နွှဲခဲ့ကြကြောင်း People မဂ္ဂဇင်း၏အဆိုအရ သိရသည်။

Ref: Billboard

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required