ဂျိမ်းစ်ဘွန်းဇာတ်ကားအတွက် ဇာတ်ဝင်တေးရေးပေးထားသည့် အက်ဒ်ရှီရန်း

ဂျိမ်းစ်ဘွန်းဇာတ်ကားအတွက် ဇာတ်ဝင်တေးရေးပေးထားသည့် အက်ဒ်ရှီရန်း

နာမည်ကျော်အင်္ဂလိပ်အဆိုတော် အက်ဒ်ရှီရန်းက သူသည် ကမ်းလှမ်းချက်များမရရှိသေးသော်လည်း ဂျိမ်းစ်ဘွန်းရုပ်ရှင်အတွက် ဇာတ်ဝင်တေးရေးထားပြီးပြီဖြစ်ကြောင်း ဖွင့်ဟပြောဆိုခဲ့သည်။

အိုင်ယာလန်မှ The Late Late Show ရုပ်သံအစီအစဉ်၌ အက်ဒ်က သူသည် ယင်းဇာတ်ဝင်တေးကို လိုရမယ်ရ ရေးပေးထားခြင်းဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။

“ဂျိမ်းစ်ဘွန်းရုပ်ရှင်နဲ့ ပတ်သက်လို့ ပြောရမယ်ဆိုရင်တော့ ကျနော်အဲ့ဒီကားအတွက် ဇာတ်ဝင်တေးကို လိုရမယ်ရ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက ရေးထားပြီပါပြီ” ဟု သူက ပြောခဲ့သည်။

သီချင်းအမည်နှင့်ပက်သက်၍ မေးမြန်းခဲ့ချိန်တွင် အက်ဒ်က “ကျနော်ပြောပြမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ တစ်ယောက်ယောက်ခိုးသွားမှာစိုးလို့ပါ။ ဒါပေမယ့် အရမ်းကောင်းတယ်ဆိုတာတော့ သေချာပါတယ်” ဟု ဖြေကြားခဲ့သည်။

အက်ဒ်က သူသည် နာမည်ကျော်ရက်ပ်အဆိုတော် အမ်မီနမ်နှင့်တေးသီချင်းများ အတူတွဲမလုပ်ခင်ကတည်းက ထိုကဲသို့ ကြိုရေးထားခဲ့ဖူးကြောင်း ပြောခဲ့သည်။

“ကျနော် အမ်မီနမ်နဲ့ သီချင်းပူးတွဲလုပ်တဲ့အချိန်မှာ ကျနော့်ဘက်က သီချင်းကိုစီစဉ်ထားပြီးသားဖြစ်နေပါပြီ” ဟု အက်ဒ်က ပြောခဲ့သည်။ ဆက်လက်ပြီး အက်ဒ်က “ ဂျိမ်းစ်ဘွန်းရုပ်ရှင်အတွက်လည်း အဲ့လိုပါပဲ။ သူတို့ဘက်က ကမ်းလှမ်းတဲ့အချိန်ကျရင် ကျနော့်ဘက်က ရေးပြီးသားဖြစ်နေပါပြီ” ဟု ဆိုခဲ့သည်။

အက်ဒ်နှင့် အမ်မီနမ်တို့သည် River အမည်ပေးထားသော သီချင်းတစ်ပုဒ်ကို ပူးတွဲသီဆိုထားကြပြီး ထိုသီချင်း သည် မကြာသေးခင်ကမှ ထွက်ရှိထားသော အမ်မီနမ်၏ Revival အယ်လ်ဘမ်ထဲ၌ ပါ၀င်ကြောင်း သိရသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required