၂၀၁၈ ခုနှစ်၊ မေလ ၁၉ ရက်မှာ မင်းသား ဟယ်ရီနှင့် မာကယ်လ်တို့ လက်ထပ်မည်

၂၀၁၈ ခုနှစ်၊ မေလ ၁၉ ရက်မှာ မင်းသား ဟယ်ရီနှင့် မာကယ်လ်တို့ လက်ထပ်မည်
(ဓာတ်ပုံ - အီးပီအေ)

ဗြိတိန်အိမ်ရှေ့စံမင်းသား ချားလ်ရဲ့ သားတော်ငယ်ဖြစ်တဲ့ မင်းသား ဟယ်ရီနှင့် ၎င်းရဲ့ ချစ်သူ အမေရိကန်မင်းသမီး မီဂန် မာကယ်လ်တို့ လာမယ့် ၂၀၁၈ ခုနှစ်၊ မေ ၁၉ မှာ လက်ထပ်ပွဲ ဆင်ယင်ကျင်းပပြုလုပ်တော့မှာဖြစ်ကြောင်း ကန်ဆန်တန်နန်းတော်က သောကြာနေ့က တရားဝင် ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ဟယ်ရီ (၃၃) နှင့် မာကယ်လ် (၃၆) တို့ဟာ ၎င်းတို့ လက်ထပ်မယ့်အကြောင်းကို နိုဝင်ဘာလကုန်ပိုင်းက ထုတ်ပြန်ကြေညာခဲ့ပြီး တော်ဝင်မင်္ဂလာပွဲကို ဝင်ဆာရဲတိုက်၊ စိန့်ဂျော့ချ်ရဲ့ ဘုရားရှိခိုးကျောင်းငယ်မှာ ကျင်းပမယ်လို့ အတည်ပြုထားပါတယ်။

ဒါ့ကြောင့် လက်ထပ်ပွဲ ကျင်းပမယ့် ရက်စွဲကတော့ စနေနေ့ကို ရွေးချယ်ထားတာကို တွေ့ရပါတယ်။

မင်းသား ဟယ်ရီအနေဖြင့် ၎င်းလက်ထပ်မယ့်ကိစ္စကို ဘွားအေဖြစ်သူ ဗြိတိန်ဘုရင်မကြီး အဲလိဇဘတ်ထံကိုလည်း အကြောင်းကြားထားပြီးဖြစ်သလို သတို့သမီးဖြစ်တဲ့ မာကယ်လ်ရဲ့ မိဘများထံမှာလည်း သွားရောက်တောင်းရမ်းခွင့်ပြုချက် ယူထားပြီး ဖြစ်ကြောင်း သိရပါတယ်။

မင်းသား ဟယ်ရီတို့ စုံတွဲဟာ လက်ထပ်ပြီးပါက လန်ဒန် ကန်ဆင်တန် နန်းတော်ရှိ နော်တင်ဟမ် နေအိမ်မှာ နေထိုင်ကြမှာဖြစ်တယ်။ ကန်ဆန်တန် နန်းတော်မှာ ၎င်းရဲ့ အကိုဖြစ်သူ မင်းသား ၀ီလျံနှင့် ကြင်ယာတော် ကိတ်တို့ မိသားစုလည်း နေထိုင်ကြလျက်ရပါတယ်။

Ref; EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required