ဆော်ဒီညွှန့်ပေါင်းအဖွဲ့၏ လေကြောင်းထိုးစစ်ကြောင့် ယီမင်မြို့တော်မှ ဟွတ်သီသူပုန် ၄ ဦးသေဆုံး

ဆော်ဒီညွှန့်ပေါင်းအဖွဲ့၏ လေကြောင်းထိုးစစ်ကြောင့် ယီမင်မြို့တော်မှ ဟွတ်သီသူပုန် ၄ ဦးသေဆုံး

ဆာနား၊ ဒီဇင်ဘာ ၁၀ ။             ။ ဆော်ဒီအာရေဗျမှဦးဆောင်သည့် ယာယီညွှန့်ပေါင်းအဖွဲ့က ယီမင်နိုင်ငံမြို့တော် ဆာနားမြို့ရှိ ဟွတ်သီအဖွဲ့မှ ထိန်းချုပ်ထားသော ရုပ်သံဌာနချုပ်ကို စနေနေ့က နှစ်ကြိမ်ခန့် လေကြောင်းထိုးစစ်ဆင်နွှဲခဲ့သည့်အတွက် ဟွတ်သီသူပုန် ၄ ဦးသေဆုံးပြီး အခြားသူများ ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။

မျက်မြင်သက်သေများ၏ အဆိုအရ အဆိုပါလေကြောင်းထိုးစစ်များသည် စနေနေ့အစောပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ရုပ်သံဌာနအဆောက်အဦး၏ ပင်မဂိတ်ပေါက်အနီးရှိ   နှစ်ထပ်အဆောက်အဦးတစ်ခုလည်း ပျက်စီးသွားခဲ့ ကြောင်း သိရသည်။  

အလောင်းများကို အပျက်အစီးများကြားမှ ဆွဲထုတ်ခဲ့ရကြောင်းနှင့် ရုပ်သံအဆောက်အဦးထဲမှ ထိခိုက်ဆုံးရှုံးမှု များကို သိရှိရခြင်းမရှိသေးကြောင်း သူတို့က ထပ်လောင်းပြောဆိုခဲ့သည်။

ပြီးခဲ့သော သောကြာနေ့ကလည်း ယီမင်နိုင်ငံအနောက်မြောက်ပိုင်းရှိ ဟွတ်သီတို့၏စခန်းရှိသော ဆာဒါခရိုင် အတွင်း၌ အာရပ်ညွန့်ပေါင်းအဖွဲ့၏ လေကြောင်းထိုးစစ်များကြောင့် လူပေါင်း ၂၃ဦးထက်မနည်း သေဆုံးခဲ့ ကြောင်း သိရသည်။

ယခုအပတ်အစောပိုင်းတွင် အာရပ်ယာယီညွှန့်ပေါင်းအဖွဲ့သည် ယီမင်နိုင်ငံအတွင်း၌ ဗုံးကြဲတိုက်ခိုက်မှုများကို အရှိန်မြင့်တင်လုပ်ဆောင်နေခြင်းဖြစ်သည်။

ယီမင်နိုင်ငံ၌အစိုးရနှစ်ရပ်ကွဲလွဲနေပြီး ဆော်ဒီဦးဆောင်သည့် အာရပ်ညွန့်ပေါင်းအဖွဲ့သည် သမ္မတအက်ဘ် ရက်ဘူမန်ဆော်ဦးဆောင်သည့် အစိုးရအဖွဲ့ကို လွန်ခဲ့သော ၂၀၁၅ခုနှစ်ကတည်းက ထောက်ခံနေခြင်းဖြစ်သည်။

ထိုကတည်းကဖြစ်ပွားနေခဲ့သည့် စစ်ရေးအရကြားဝင်စွတ်ဖက်မှုများကြောင့် ယီမင်နိုင်ငံအတွင်းရှိ အခြေခံ အဆောက်အဦးအများအပြား ပျက်စီးဆုံးရှုံးခဲ့ရပြီး လူသားချင်းစာနာမှုဆိုင်ရာ ပဋိပက္ခများလည်း ဖြစ်ပွားလျက်ရှိ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required